“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, June 10, 2013

သို့ / သူငယ်ချင်း ~~~

အတိတ်ရဲ့ အရိပ်တွေ လိုက်လာတော့
နင့်ဘ၀ အဆိတ်တတ်ရပီပေါ့ ..
မငိုလိုက်ပါနဲ့ သူငယ်ချင်းရယ်
နင့်ရှိုက်သံတွေက ငါ့ရင်နဲ့ မဆံ့အောင်ဖြစ်ရပေမယ့်
မနာလိုသူတွေကြားရင် လက်ခမောင်းခက်နေပါဦးမယ် ~~~~~

ပျော်ရွှင်ခြင်း ၀မ်းနဲခြင်းတွေဆိုတာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက
မမြင်နိုင်တဲ့ မနက်ဖြန်တွေထဲ
အိပ်မက်တစ်ခုလို ခပ်ရေးရေးလေးဖြစ်သွားစမြဲပါ သူငယ်ချင်း ~~~~~

ညဆိုတာ အမြဲတမ်းမရှိပါဘူး
နင့်ဘ၀ ထွန်းသစ်စ အာရုံဦးမနက်ခင်းတွေ
ကောင်းကင်ပြာပြာ ငေးမောမ၀နေ့လည်ခင်းတွေနဲ့
အမြဲတမ်းတ လွမ်းရမယ့် ညချမ်းလေးတွေကို ပိုင်ဆိုင်ခွင့်ရှိဦးမှာ သူငယ်ချင်းရယ် ~~~~~
ထာဝရ အိမ်မက်လှလှ မက်ပါစေနော် ....



အောင်ကျော်မြင့်(akmyint.kooo@gmail.com)
Like · ·

No comments:

Post a Comment