“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, April 3, 2013

“““ မိုက်မဲမှု ”””



လွမ်းလိုက်တာနော်...
သူသာ မြင်တတ်ခဲ့မယ်ဆိုရင်
ချစ်တတ်တဲ့ ငါ့နှလုံးသားနဲ့
စည်းတစ်ဖက်ရဲ့ နာကျင်ကြေကွဲမှုတွေကို
ယဲ့ယဲ့လေးပြုံးပီး အားပေးမှာဘဲလို့
တွေးမိတယ်....

မချစ်ချင်တော့ဘူး ..
ဒါပေမယ့် ရင်ခုန်သံတွေကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မလွမ်းချင်တော့ဘူး ..
ဒါပေမယ့် သတိရနေတတ်တဲ့ စိတ်ကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မငိုချင်တော့ဘူး ..
ဒါပေမယ့် တားဆီးမရတဲ့ ငါ့မျက်ရည်တွေကို မထိန်းချုပ်နိုင်တာ ခက်တယ် ချစ်ရသူရယ် ...

အခုတော့ ~~~
ငါ့ဘ၀ရဲ့ တိတ်ဆိတ်တဲ့ညနက်ထဲ
အချစ်ငှက် တစ်ကောင်ရဲ့
တစ်ခဏ္ဏတာ သီကြူးသံလေးကို
တစ်ဘ၀တာ နာကျင်ရမယ်ဆိုတာ သိရက်နဲ့
မိုက်မိုက်မဲမဲ တက်မက်နေခဲ့မိလေပီ....

(အောင်ကျော်မြင့် akmyint.kooo@gmail.com)

No comments:

Post a Comment