“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 5, 2013

ဆူးတစ်ခက်ရဲ့ မနက်ဖြန်ရက်များ

✿ အလှမ်းမမှီတဲ့ ပန်းတစ်ပွင့်မို့
နမ်းရှိုက်ခွင့် အိမ်မက်တွေထဲစီးမျောရင်း
ပြုံးခဲ့ ရယ်ခဲ့ ရူးသွပ်ခဲ့တယ် ❤

✿ ကြွေချိန်တန် ကြွေလွင့်မယ်မှန်းသိပေမယ့်
မနက်ဖြန်ဆိုတဲ့ နေ့တွေမရောက်ဖို့
တိတ်တိတ်လေး ကြိတ်ဆုတောင်းနေခဲ့တယ် ❤

✿ အတိတ်တွေကြောင့် ဆူးနေတဲ့ငါ့ရင်
ခုတော့ အိမ်မက်တွေတောင် မက်ခွင့်မရှိအောင်
သူ နှုတ်ဆက် လက်ပြလာတယ် ❤


✿ သူနဲ့တွေ့တိုင်း ရင်တစ်ခုလုံးပြည့်နေတတ်တဲ့ ပြောစရာစကားတွေ
ခုတော့ ထူးထူးဆန်းဆန်း
ပျောက်ဆုံးနှုတ်ဆိတ် အသက်မဲ့နေတယ် ❤



✿ အလွမ်းပန်းလေးရယ်
ကိုယ်ဟာ ဆူးတစ်ခက်မို့ ရူးမတတ်ဖြစ်နေပေမယ့်
ခူးယူမယ့် လက်တစ်စုံကို ကြေကြေကွဲကွဲ ငေးကြည့်နေရုံလွဲပီး ဘာများတတ်နိုင်ဦးမှာလဲ ❤

✿ ကိုယ့်ညတွေက အသက်မဲ့ရပြီ
ကိုယ့်မျှော်လင့်ချက်တွေကေ၀၀ါးရပြီ
ကိုယ့်မနက်ဖြန် ကိုယ့်အနာဂတ်တွေက ခါးသပ်သပ်နဲ့ အဆိပ်တတ်ခဲ့ရပါပြီ ❤

✿ နှုတ်ဆက်လိုက်ပါတယ်နော် .. မင်းဘ၀ပန်းလေး ထာဝရ လန်းဆန်းနိုင်ပါစေလို့ ❤❤❤

အောင်ကျော်မြင့် ........ akmynt.kooo@gmail.com



No comments:

Post a Comment