“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, February 28, 2013

ဆင်းရဲ ခြင်း

Photo: ဆင်းရဲ ခြင်း

ဆင်းရဲ ခြင်းကြောင့် သိမ်ငယ်တတ်ပါတယ်
ဒါပေမဲ့  လူတော မတိုးရဲတဲ့ အထိတော့  မဖြစ်ပါစေနဲ့ 

စိတ်အားငယ် ပျော့ ညံ့ တာမျိုး မဖြစ်ပါစေနဲ့ 
ဆင်းရဲ ခြင်းကြောင့်  အထင်အမြင်သေးခံရတတ်တယ်
ဒါပေမဲ့  ကိုယ့် ကိုကိုယ် အထင်မသေးပါနဲ့ 

ဆင်းရဲ ခြင်းကြောင့်  ပေါင်းသင်းသူ နည်းတတ်တယ်
ဒါပေမဲ့  အကောင်းဆုံး မိတ်ဆွေ စာအုပ်တွေ ရှိတာ မမေ့ ပါနဲ့ 

ဆင်းရဲ ခြင်းကြောင့်  လိုအပ်ချက်တွေ များတတ်တယ်
ဒါပေမဲ့  လိုအပ်ချက်တစ်ခုကြောင့်  ဒူးမထောက်ရပါစေနဲ့ 

လူဆင်းရဲချင်း ဆင်းရဲပါစေ
စိတ်မဆင်းရဲပါစေနဲ့ 

ရိုးသားဖြူစင်တဲ့  ဆင်းရဲခြင်းမျိုးနဲ့ 
ကိုယ့် ဘ၀ကို သတ္တိရှိရှိ ရုန်းကန် ရဲပါစေ

ဆရာ ကောင်းသန့် 

No comments:

Post a Comment