နှလုံးသားလေးက အသစ် ရင်ခုန်သံဖြစ်တည်စမို့
ရင်ထဲက အချစ်ကို မချွေတာ
တစ်ဘ၀စာ ပုံအပ်မိခဲ့...........
အတွေ့အကြုံအသစ်မို့ မင်းပေးတဲ့ အချစ်ကို
အစစ်လို့ ထင်မိတာ ကိုယ်အပြစ်လားကွယ်...........
ငါဆိုတာလည်းလေ တစစီ ပြိုကွဲနိုင်မှန်းသိလျှက်
တိမ်လွှာတို့ရဲ့ သတ္တိနဲ့ မုန်တိုင်းကိုဝင်တိုးမိသလို
အကြောက်တရားတွေကင်း နှလုံးသားကို ချနင်းလို့
နောင်တ တရားတွေလည်း
စွန်းထင်း ခဲ့ဖူးတယ်...........
အချစ်ဆိုတဲ့ကစားပွဲ ၀ှက်ဖဲတစ်ချက် ထားတတ်မြဲတဲ့
ငါက ရင်ဘတ်ကို ဟင်းလင်းဖွင့်
ပွင့်လင်းစွာ ရဲရင့်မိခဲ့...........
မင်းအပြစ်လည်း မဟုတ်ပဲ
တွေ့ကြုံဆုံကွဲ လောကသဘာဝပဲလေ
ဒါပေမယ့် ငါ့ကျမှ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရတာလည်း
ထားပါတော့လေ......ငါကလည်း
ကျိုးနွံယဉ်ကျေးစွာ မိုက်မဲခဲ့ မိတာပဲ...........
အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပဲလေ
အခုချိန် မင်းအကြောင်း တွေးရင်
နှုတ်ခမ်းလေးတွေက ပြုံးနိုင်ပေမယ့်
မျက်ဝန်းတွေ ရီဝေမူး အသည်းထဲက စူးနေတုန်းပဲ...........
Zayar Mdy

No comments:
Post a Comment