“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, June 28, 2013

မိတ်ဆွေ

မိတ်ဆွေ....
သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။
ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို ချမနင်းချေမိပါစေလင့်။

သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့ သွားလောက်အောင် မဖြစ်ပါစေလင့်။

သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။
ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့ အောင်မြင်မှုမျိုးမဖြစ်ပါစေလင့်။

သင့်မှာ အငြင်းခုန်ခွင့်အပြည့်ရှိတယ်။
ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးအဆင့်ရောက်အောင် မကျူးလွန်မိပါစေလင့်။

သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။
ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်ပါစေလင့်။

ဘဝကျောင်းဖတ်စာ

No comments:

Post a Comment