“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, July 22, 2013

""" လွင့်မျောခွင့် """

မပြုံးနိုင်တဲ့ ဒီလိုနေ့ရက်တွေထဲ
မုန်းလိုက်ချင်တယ် ဒီဘဝ
ရွက်ကြွေတစ်ခုသာ ဖြစ်လိုက်ပါတော့လား
လေ့နှင်ရာ လွင့်ပလိုက်ချင်တယ် ...

အတိတ်မှာ ရူးခဲ့လို့
အဆိပ်တွေလည်း ဆူးနေပီ
စဉ်းစားမိတာက
ငါဘာလို့ မရူးသေးတာလဲဆိုတာပါဘဲ ...

ရှေ့တိုးခွင့် မရှိဘူး နောက်ဆုတ်ခွင့် မရှိဘူး
အားပေးသူ မရှိဘူး နှစ်သိမ့်မယ်သူ့ မရှိဘူး
ရင်ထဲက အမှန်တရားတွေအတွက်
အားလုံးက မှားတယ်ပြောမှာ စိုးထိတ်ရင်း
ငါ့ညတွေ အိပ်ပျက်ပေါင်းများလှပါပီ ...

ငါမျက်ရည် မကျပေမယ့်
ငါ့နှလုံးသားကတော့ ငိုရလွန်းလို့ မောလှပြီ
သြ ... ဘ၀ရယ် ဘယ်အချိန်ထိ ခါးဦးမှာလဲ
ငါ ခံနိုင်ရည် မရှိတော့လို့ပါ ....

No comments:

Post a Comment