“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, August 5, 2013

""""" နှုတ်ဆက်ခြင်း """"

တစ်ယောက်ထဲ ကျင်လည်ခဲ့ရတဲ့ ဒီဘဝ
အခုလည်း တစ်ယောက်ထဲပါဘဲ
နောင်လည်း တစ်ယောက်ထဲပါဘဲ
အထီးကျန်ဆန်တယ်လို့တော့ ငါမဆိုချင်တော့ပါဘူး
ဟန်ဆောင်ကောင်းတတ်တဲ့ ဒီလောကကြီးထဲ ငါနေသားကျနေပါပြီ ...

လောကကြီးကလည်း ငါ့ကို လိမ်ခဲ့တယ်
ငါနှလုံးသားကလည်း ငါ့ကို လိမ်ခဲ့တယ်
မချစ်ဘဲ ချစ်ပါတယ်လို့ ခဏခဏပြောနေရတဲ့
ငါ့နှုတ်ခမ်းနဲ့ ငါ့ဘ၀ကိုလည်း မုန်းလှပြီ ...

အရိုးသားဆုံးဖြစ်ချင်ခဲ့တဲ့ငါ
အဆိုးရွားဆုံး ရင်ခုန်သံတွေကို ထပ်မလိမ်ညာချင်တော့ဘူး
ဒါပေမယ့် ငါမလိမ်ရင် ငိုတော့မယ်သူတစ်ယောက်အတွက်
နောင်တဆိုတဲ့ သုံးစားမရ အခါလွန်နာကျင့်မှုတွေနဲ့အတူ ငါလိမ်ပြောနေရဦးမှာပါ ...

တော်ပါတော့ ....
ချစ်ပါတယ်ဆိုတဲ့ စကားတွေ
ခင်မင် ရင်းနီးပါတယ်ဆိုတဲ့ စကားတွေ
အိပ်မရညတွေနဲ့အတူ ငါနားခါးလွန်းလှပါပြီ ...

မနေ့က လှည့်ကွက်တွေကို ယုံမှားမိတော့
ဒီနေ့ငါ နာကျင်နေရပြီ
မနက်ဖြန် ငါထပ်ပီး ဒီထက်ပိုအလိမ်မခံချင်တော့တာမို့
နှုတ်ဆက်ပါတယ် ... good bye
 Photo: """"" နှုတ်ဆက်ခြင်း """"

အောင်ကျော်မြင့် akmyint.kooo@gmail.com

No comments:

Post a Comment