“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, February 1, 2014

✿ အတ္တများတဲ့ ဘ၀ ✿

ဘဝ
ရုန်းလိုက် ကန်လိုက် ချစ်လိုက် မုန်းလိုက်
ငိုလိုက် ရီလိုက် တမ်းတလိုက် ပျော်ရွှင်လိုက်
အဲ့ဒါဘ၀တဲ့ ..

အဆုံးစမဲ့ ကောင်းကင်တွေရှိပေမယ့်
ငါ့အတွက် လွတ်လွတ်လပ်လပ်ပျံသန်းခွင့်မရှိခဲ့ဘူး ..
အဆုံးစမဲ့ အမြတ်တနိုးချစ်တတ်ပေမယ့်
ငါ့အတွက် အချစ်ကသစ္စာမရှိခဲ့ဘူး ...

အငိုနဲ့စလို့ အငိုနဲ့ ဆုံးကျစမြဲဘ၀မှာ
ငါ ပြုံးပြုံးလေးထွက်သွားလိုက်ချင်တယ်
ဘာလို့လဲဆိုတော့
ငါ့ဘ၀တစ်ခုလုံး ငိုနေခဲ့ရလို့ပါ ..

အရာရာ အထီးကျန်မှုတွေနဲ့
အရှုံးသမားတစ်ယောက်ဖြစ်ပေမယ့်
ဒီဘ၀ ငါဒူးမထောက်ချင်ဘူး
အခုကျောခိုင်းသွားရမယ်ဆိုရင်တောင်
အတ္တဘလဗွနဲ့ လောကကြီးကို ကျောခိုင်းခွင့်ရလို့ ငါပြုံးပြနှုတ်ဆက်သွားမှာပါ ...

အောင်ကျော်မြင့် (akmyint.kooo@gmail.com)

No comments:

Post a Comment