“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, February 10, 2013

အဖျားကျဆေးများက ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်စေနိုင်

Photo: အဖျားကျဆေးများက ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်စေနိုင်

Ibuprofen နှင့် naproxen ကဲ့သို့ အဖျားကျဆေးများသည် ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေသည်ဟု သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန် အင်ဒီယာနာပိုးလစ်ပြည်နယ်ရှိ ရိုင်လေကလေးဆေးရုံသို့ ၁၉၉၉ ဇန်န ၀ါရီမှ ၂၀၁၀ ဇွန်လအထိ ကျောက် ကပ်ရောဂါခံစားရ၍လာရောက်ကုသ သူကလေးလူနာမှတ်တမ်းများအား သုတေသီများက လေ့လာခဲ့ကြသည်။
အဖျားကျဆေးများသည် ကျောက်ကပ်အတွင်းရှိ သွေးမှဆီးအဖြစ် စစ်ထုတ်ရာနေရာသို့ သွေးစီး ဆင်းမှုကျဆင်းစေပြီး အန်ခြင်းကြောင့်ဖြစ်စေ၊ ၀မ်းလျှောခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်တွင်းရေဓါတ် ဆုံးရှုံးနေသော ကလေးငယ်များတွင် ကျောက်ကပ် ပျက်စီးသည်အထိ ဆိုးကျိုးဖြစ်ပေါ်စေ တတ်သည်။
ကျောက်ကပ်ထိခိုက်ပျက်စီးသူ ကလေးငယ်အားလုံး၏ ၃ ရာခိုင်နှုန်း မှာ အဖျားကျဆေး၊ အကိုက်အခဲ ပျောက်ဆေး များကြောင့်ဖြစ်ကြောင်း သုတေသနတွင်ပါဝင်သူ ဒေါက်တာ ဂျေဆင်မစ်ဇူးရက်ကဆိုသည်။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးများသည်လည်း သတ်မှတ်ထားသည့် ပမာဏအတိုင်း ပေးထားကြောင်း သိရသည်။
အဖျားဝေဒနာသည် ရောဂါပိုး ကူးစက်ခံရသည့်အခါ သဘာဝအ တိုင်းတုံ့ပြန်သည့်ဖြစ်စဉ်ဖြစ်၍ အန္တရာယ်အလွန်အမင်းမရှိကြောင်း၊ အထက်ဖော်ပြပါ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးနှစ်မျိုးကို acetaminophen နှင့် အစားထိုးသုံးစွဲ နိုင်ကြောင်း၊ ဘေးအကင်းဆုံးအစား ထိုးကုထုံးမှာ အဖျားကျဆေးလုံးဝ မသုံးစွဲခြင်းပင်ဖြစ်ကြောင်း သုတေသီ များကဆိုသည်။

ဇော်ကို
Source: ANI
Health Updates Journal
Vol-2,No-6Ibuprofen နှင့် naproxen ကဲ့သို့ အဖျားကျဆေးများသည် ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေသည်ဟု သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန် အင်ဒီယာနာပိုးလစ်ပြည်နယ်ရှိ ရိုင်လေကလေးဆေးရုံသို့ ၁၉၉၉ ဇန်န ၀ါရီမှ ၂၀၁၀ ဇွန်လအထိ ကျောက် ကပ်ရောဂါခံစားရ၍လာရောက်ကုသ သူကလေးလူနာမှတ်တမ်းများအား သုတေသီများက လေ့လာခဲ့ကြသည်။
အဖျားကျဆေးများသည် ကျောက်ကပ်အတွင်းရှိ သွေးမှဆီးအဖြစ် စစ်ထုတ်ရာနေရာသို့ သွေးစီး ဆင်းမှုကျဆင်းစေပြီး အန်ခြင်းကြောင့်ဖြစ်စေ၊ ၀မ်းလျှောခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်တွင်းရေဓါတ် ဆုံးရှုံးနေသော ကလေးငယ်များတွင် ကျောက်ကပ် ပျက်စီးသည်အထိ ဆိုးကျိုးဖြစ်ပေါ်စေ တတ်သည်။
ကျောက်ကပ်ထိခိုက်ပျက်စီးသူ ကလေးငယ်အားလုံး၏ ၃ ရာခိုင်နှုန်း မှာ အဖျားကျဆေး၊ အကိုက်အခဲ ပျောက်ဆေး များကြောင့်ဖြစ်ကြောင်း သုတေသနတွင်ပါဝင်သူ ဒေါက်တာ ဂျေဆင်မစ်ဇူးရက်ကဆိုသည်။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးများသည်လည်း သတ်မှတ်ထားသည့် ပမာဏအတိုင်း ပေးထားကြောင်း သိရသည်။
အဖျားဝေဒနာသည် ရောဂါပိုး ကူးစက်ခံရသည့်အခါ သဘာဝအ တိုင်းတုံ့ပြန်သည့်ဖြစ်စဉ်ဖြစ်၍ အန္တရာယ်အလွန်အမင်းမရှိကြောင်း၊ အထက်ဖော်ပြပါ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးနှစ်မျိုးကို acetaminophen နှင့် အစားထိုးသုံးစွဲ နိုင်ကြောင်း၊ ဘေးအကင်းဆုံးအစား ထိုးကုထုံးမှာ အဖျားကျဆေးလုံးဝ မသုံးစွဲခြင်းပင်ဖြစ်ကြောင်း သုတေသီ များကဆိုသည်။

ဇော်ကို
Source: ANI
Health Updates Journal
Vol-2,No-6

No comments:

Post a Comment