“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, February 22, 2014

"တလွဲယှဉ်ပြိုင်စိတ်"


★★★★★★★★★★

★ အသိဉာဏ်ရှိတဲ့သူဟာ အသိဉာဏ်အားနည်းတဲ့သူနဲ့
ပြိုင်ပြီးတော့ မမိုက်သင့်ဘူး။ မသိတဲ့သူက ပြောမှား၊
ဆိုမှား အပြုအမူမှားတွေ ရှိလာခဲ့ရင်လည်း သိတဲ့သူက အပြစ်မယူဘဲ ပြုပြင်ပေးနိုင်အောင် ကြိုးစားရမယ်။

★ သူမသိလို့ ဖြစ်သွားတာပဲ ဆိုတဲ့ ဖြေဆည်ရာနဲ့ ခွင့်လွှတ်နားလည်ပေးနိုင်အောင် ကြိုးစားသင့်တယ်။
အဲလိုမှမဟုတ်ဘဲ မသိတဲ့သူက မသိလို့ လုပ်မိတာကို
သိတဲ့သူက သိသိကြီးနဲ့ သူပြောသလိုပြော၊
သူလုပ်သလို ပြန်လုပ်ရင် အသိရှိသူဟာလည်း
မသိတဲ့သူနဲ့ ဘာမှမထူးဘူး ဖြစ်သွားမှာပေါ့။

★ အမှန်တော့ အသိရှိတဲ့သူဆိုတာ
အသိမရှိတဲ့သူနဲ့ ဘယ်လိုမှကို ယှဉ်ပြိုင်းပြီး
ခံစားနေဖို့ မဟုတ်ပါဘူး။
ပိုလို့တောင် တည်ငြိမ်ရင့်ကျက်နေရမှာပါ။

(မနာပဒါယီ အရှင်ဝိစိတ္တ)

No comments:

Post a Comment