“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, February 22, 2014

လင်မယားဆိုတာ


တစ်ခါတော့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်သက် ၁၁ နှစ်ကြာတော့မှ ကလေးတစ်ယောက်ရသတဲ့။ အဲဒိကလေးကို ဖအေရော မအေရော အရမ်းချစ်တာပေါ့။ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သတဲ့။ ကလေးလေး အသက် ၂နှစ်လောက်ရောက်လာရော တစ်နေ့တော့ အဖေကသူသောက်လက်စဆေးသောက်ပြီးတော့ ဆေးဘူးကိုမပိတ်တော့ဘဲ ရုံးနောက်ကျနေပြီဆိုပြီးတော့ သူ့မိန်းမကို ဆေးဘူးပိတ်လိုက်တော့ ဆိုပြီးတော့ ပြောခဲ့သတဲ့။

သူ့မိန်းမကလဲမီးဖိုချောင်ထဲမှာအလုပ်များနေပြီးတော့ နောက်မှထွက်ပိတ်မယ်ဆိုပြီးတော့ လုပ်လက်စအလုပ်တွေ ဆက်လုပ်နေတယ်။ အဲဒီအချိန်မှာပဲ ကလေးလေးဟာ ဆေးဘူးကို မှောက်ချပြိးတော့ ဆော့ကစားတယ်။ ပြီးတော့ အရောင်စုံတဲ့ ဆေးလေးတွေကို သောက်ချလိုက်ပါတယ်။ တစ်ဘူးလုံးလိုလိုပါပဲ။ တကယ်တော့

အဲဒီဆေးတွေဟာ အရမ်းပြင်းတဲ့ ပဋိဇီဝ ဆေးတွေပါ။ လူကြီးတွေတောင်မှ နဲနဲပဲသောက်ရတဲ့ ဆေးတွေပါ။ သူ့အမေက ကလေးကို တွေ့တွေ့ချင်း ဆေးရုံကိုပို့တာပေါ့ သိပ်မကြာပါဘူးကလေးဟာ ဆေးလွန်တဲ့ ဝေဒနာကြောင့် သေဆုံးသွားပါတယ်။

အမေခမြာ ကလေးသေတာက တစ်ဖက် သူ့ယောက်ျားကို ဘယ်လိုမျက်နှာပြရမလဲ ဆိုတာကတစ်ဖက်ပေါ့။ သူ့ယောက်ျားများ ပြန်လာရင် သူ့ကို သတ်မလားပဲ စိုးရိမ်နေတာပေါ့။ သိပ်မကြာဘူး သူ့ယောက်ျားရောက်လာတယ်။ ကလေးသေကိုကြည့်လိုက် သူ့မိန်းမကို ကြည့်လိုက်နဲ့ နောက်တော့ သူ့မိန်းမကို ဖက်လိုက်တယ်။ " သိပ်မငိုပါနဲ့ကွာ တိတ်တိတ် " လို့ပြောတယ်။ သူ့မိန်းမလဲ အရမ်းအံ့သြသွားတယ်။ သူ့ကို ဘာကြောင့် မဆူမပူတာလဲပေါ့။သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုဆရာဝန်တစ်ယောက်ကမြင်သွားတယ်။အဲဒီလင်မယားအပြန်မှာ ယောက်ျားဖြစ်သူကို ခေါ်ပြီးတော့ " ခင်ဗျားဗျာ သွေးအေးလှချည်လား ကိုယ့်ကလေးသေတာတောင် " လို့ပြောသတဲ့။ထိုယောက်ျားက

"ဆရာရယ် တကယ်တမ်းမှားတာက ကျုပ်။ ကျွန်တော် ဒီဆေးဘူးလေးကို ပိတ်လိုက်ရင် တစ်မိနစ်မကြာပေမယ့် ကျွန်တော်သူ့ကို သွားခိုင်းခဲ့မိတယ်။

သူက အမေလေ၊ သားသမီးတစ်ယောက်သေဆုံးရင် အမေတွေ ပိုစိတ်ထိခိုက်မယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ကျွန်တော်တောင် ဒီလောက်စိတ်ထိခိုက်နေရင် သူ့ရင်ထဲမှာ ဘယ်လိုများနေမလဲ ၊ ကျွန်တော်သူ့ကိုအပြစ်တင်လိုက်ရင်သူ့ကိုပိုပြီးတော့ နှိပ်စက်ရာကျမှပေါ့ဗျာ"

ဆရာဝန်လဲ ဘာမှမပြောတော့ဘူး။ လင်မယားနှစ်ယောက်လဲ ပြန်သွားကြတယ်။ တစ်ယောက်ပုခုံးတစ်ယောက် ဖက်ရင်းနဲ့ပေါ့။

မောင်စိုင်း(kanaung)
မြ၀တီ

No comments:

Post a Comment