“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, May 3, 2013

မြင်ကွင်းစနစ် ပိုမိုပီပြင်လာတဲ့ ဂိမ်းစက် ထွက်ပေါ်လာ

ရုပ်သံစက် မလို ၊ LCD မလိုတဲ့ ဂိမ်းစက် ဖြစ်ပါတယ်။ ဒီဂိမ်းကို ဆော့မည့် သူက ခေါင်းမှာ ဒီစက်ကို တပ်ဆင်ထားရပါမယ်။ ခေါင်းမှာ တပ်ထားတဲ့ စက်ကတော့ မှန်ဘီလူးနဲ့ ရုပ်သံ စနစ်ဖြင့် ကိုယ်တိုင် လှုပ်ရှားနေရသလို ခံစားရမည့် 3D စနစ်ကို အသုံးပြုထားပါတယ်။

ဒီ Headset ကို တပ်ဆင်ထားတဲ့ တစ်လျှောက်လုံး ကိုယ်တိုင် သွားလာနေသလို ဂိမ်းကို အမြင်အာရုံဖြင့် ဆော့ကစားနိုင်ပါမယ် ။ ခေါင်းမှာ မျက်မှန်လို တပ်ဆင်ရမည့် စက်ကို လက်တစ်ဝါးစာခန့် ရှိ Program သွင်းထားတဲ့ ဂိမ်းစက်တွင် ချိတ်ဆက် ထားရပါမယ် ။ နောက် ဂိမ်းခလုပ်ကို တပ်ဆင်ပြီး ဆော့ရမှာပါ။

ဒီဂိမ်းစက် နာမည်က Oculus Rift ဖြစ်ပြီး ဒီ ဂိမ်းစက်ကို ဖန်တီးခဲ့ကြတဲ့ developer များကတော့ Virtual World မှာ ဖြစ်ပေမဲ့ တကယ် အစစ်အတိုင်း ခံစားမှု ရအောင် ဖန်တီးထားပေးပါတယ်။စက်မှာ သေးငယ်ပြီး ပေါ့ပါးမှု လည်း ရှိပါတယ်။

နည်းပညာများ တိုးတက်မှု မြင့်မားလာတာနဲ့ အညီ မကြာမီ လူသားများ ကိုယ်တိုင် တကယ့်  ဂိမ်းလောကကြီးကို သွားလာ လှုပ်ရှား နိုင်တော့မည့် 
နေ့ ရက်တွေကလည်း မဝေးတော့ပါဘူး ။ တီထွင်မှု တိုင်းကတော့ အံ့သြစရာများနဲ့ ပြည့်နှက်နေပါတယ်။ ဒီဂိမ်းစက်ကို ဒေါ်လာ $300 ခန့်  နဲ့ ဈေးကွက်ကို ရောင်းချဖို့  ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

----
Ref ;Mashable

Freddy ( Stuff Myanmar)

အေးချမ်းမွန် Credit & Copy From >Stuff Myanmar Magazine<Thank
https://www.facebook.com/excellencemedia

No comments:

Post a Comment