“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 30, 2014

သူတို့စားရသော ထမင်းတစ်နပ်

Photo: ဒီ ပိုစ်ကို အပန်းမကြီးရင် ပြီးအောင်ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျား……
“ဒီရွာမှာက ကလေးတွေကိုမကျွေးနိုင်ရင် မိဘကသတ်ပစ်ပြီးချောင်းထဲကို ပစ်ချကြတာ ဘုန်းဘုန်းရောက်ခါစက ချောင်းထဲမှာကလေးတွေကိုတွေ့ ရတာအများကြီးပဲ ၊ မိဘတွေကလည်းပညာမတက်ကြဘူးလေ… ”
ဒီစကားဟာ… ပဲခူးတိုင်း ကြို့ ပင်ကောက်မြို့ နယ်ရှိ ဘော်ဘင်ဆည်အနီး သင်္ခရိုင်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးသောဆရာတော် အရှင်သုမန က မိန့် ကြားထာ့းတာပါ……

ဒီသင်္ခရိုင်မိဘမဲ့ ဘုန်းတော်ကြီးကျောင်းကိုဆရာတော်အရှင်သုမန က ကရုဏာတရားကြီးမားစွာထူထောင်ခဲ့ ပြီး ၄၅ ရက်သား ကလေးငယ်မှစတင်ကာ ၁၃ နှစ် အထိ ကလေးငယ် ၂၀၀ ကျော် ကိုကယ်တင်ထားတယ်လို့ သိရပါတယ်…..
ဘုန်းတော်ကြီးကျောင်းကိုခိုင်မာသောငွေပဒေသပင်မရှိ ဘဲ ပံ့ ပိုးထားတာကတော့ ဒေသခံ ရပ်မိရပ်ဖ အချို့ နဲ့ မြို့ နယ်စည်ပင်ဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ ဝင်များ မှ တက်နိုင်သလောက်လေး ထောက်ပံ ကြည့်ရူ့ထားကြပါတယ်….

ကလေးငယ်များရဲ့ အခက်အခဲ ကိုလည်း အနည်ငယ် ပြောချင်ပါသေးတယ်…
ကလေးအယောက်နှစ်ရာကျော်အတွက် တစ်လကို သိန်း နှစ်ဆယ် ကျော် ကုန်ကျစရိတ်ရှိပါတယ်.. (ကလေးငယ်တစ်ဦးအတွက် တစ်နေ့ ကို 300 ~ 500 အတွင်းပါ……)
ကလေးငယ်တွေစားရတာလည်း ငရုပ်သီးကြော် ဟင်းရည် ကျဲကျဲ နဲ့  လည်ပင်းနင်လောက်အောင် မာသော ဆန်ကြမ်းထမင်းကိုသာ နေ့ စဉ်ရက်ဆက် စားရပါတယ်…..
ည အိပ်ရင်လည်း ဒီလိုချမ်းအေးလှတဲ့ ဆောင်းတွင်းမျိုးမှာ အင်မိုးသွပ်ကာ တဲ ထဲမှာ စောင်အလုံအလောက်မရှိဘဲ အေးစက်စက်အိပ်စက်ရပါတယ်…
မိဘမဲ့ ကလေးငယ်များထဲမှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်များလည်းပါဝင်တာဖြစ်လို (မရိုသေစကား ) အပျိုဖော်ဝင်စအချိန်ဖြစ်လို့  အလွန် ကိုဒုက္ခ များနေမှာပါ….. မိန်းကလေးဆောင်သီးသန့် လည်းမရှိပါဘူး ….
ထိုကျောင်းရှိရာရွာသို့ ရောက်ရန် မှာလည်းကြို့ ပင်ကောက်မြို့  မော်တော်ကားအသွားနိုင်ဆုံးနေရာမှတစ်ဆင့် ဆိုင်ကယ်ဖြင့် မိုင် ၂၀ ခန့် ကို ဆိုင်ကယ်ဖြင့် (၂)နာရီကြာ ခက်ခက်ခဲခဲ သွားရသောကြောင့် ကျန်းမာရေးအခက်အခဲလည်း ရှိနေပါတယ်..

ဒီလိုအခက်အခဲများစွာရှိနေသော နေရာသို့ ကျွန်တော်တို့ ၏နိုင်ငံပေါင်းစုံမှ အမာခံ Fans အလှုရှင်များစုပေါင်းပြီးအ၀တ်အထည်များ ဆေးဝါးများ အခြေခံစားသောက်ကုန်များ သွားရောက်လှုဒါန်းဖို့ စီစဉ်ထားပါတယ်…
ရန်ကုန်မှ ဖေဖော်ဝါရီလ 23 ရက်နေ့ တွင် နေ့ ချင်းပြန်ခရီး ထွက်ခွာမှာ ဖြစ်ပါတယ်…

ကျွန်တော်တို့ မှ တက်နိုင်သလောက်တစ်ပိုင်တစ်နိုင်လှုဒါန်းမှာဖြစ်လို့  မိမိတို့ တက်နိုင်သလောက်အလှုငွေများအလှုပစ္စည်းများ လှုဒါန်းလိုပါက စေတနာ အနည်းအများမဆိုကုသိုလ်ပါဝင်လှုဒါန်းနိုင်ပါတယ်ခင်ဗျား……

ကလေးငယ်များရဲ့ တစ်ဘ၀ လုံးစာကို မကယ်တင်နိုင်ရင်တောင်မှကလေးငယ်များရဲ့ တစ်နေ့ စာ ပျော်ရွင်အားတက်မှု လေးကိုပေးချင်ပါတယ် ခင်ဗျား…..အဆင်ပြေစွာလှုဒါန်းနိုင်ရန်အတွက် ကျွန်တော် အန်ကယ်စိုင်းမှ ရုံးပိတ်ရက်များတွင် အလှုရှင်များအဆင်ပြေနိုင်သောနေရာသို့  လိုက်လံ ကောက်ခံပေးပြီး ကုသိုလ်မျှဝေသွားပါ့မယ်ခင်ဗျား….

လှုဒါန်းလိုသူများ နှင့် ကိုယ်တိုင်လိုက်ပါလို သူများ ကြိုတင်ပြီးကားစီစဉ်ရမည်ဖြစ်သောကြောင့် (၂၀.၂.၂၀၁၄ )နေ့ ကိုနောက်ဆုံးထားပြီး ဆက်သွယ်ပေးပါရန် ရိုသေစွာပန်ကြားအပ်ပါတယ်ခင်ဗျား….

ဦးကျော်ကျော် (KH စက်မှု လုပ်ငန်း ) Ph- ၀၉ ၂၅၀၀ ၂၈၀၀၃ ဖူးဖူး -၀၉ ၇၃၀၈၇၀၅၅ စိုင်းမင်းထက် (Admin-အန်ကယ်စိုင်း ) Ph-၀၉ ၃၁၂ ၈၈၀၈၁

Photo copy from မမိုးသူ (လူငယ်မြန်မာပရဟိတအသင်း)

ဒီ ပိုစ်ကို အပန်းမကြီးရင် ပြီးအောင်ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျား……

— with Mind Million and 16 others.

No comments:

Post a Comment