“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, August 3, 2013

Chinese Box-Tree (သနပ်ခါး)


Photo: Chinese Box-Tree (သနပ်ခါး)

တွေ့ရှိနိုင်သော နေရာများ

အပူပိုင်း ဒေသဖြစ်သည့် ပခုက္ကူ ၊ မြင်းခြံ ၊ ပြည် ၊ ရွှေဘို ၊ စစ်ကိုင်း ၊ မြိုင်၊ နွားထိုးကြီး ၊ တောင်သာမြို့နယ် များတွင် ပေါက်ရောက်သည်။ အချို့ အထက် အရွက်ပြတ် တောခြောက်များ ၌ လည်း တွေ့ရသည်။
သဘာဝ အလျောက် ပေါက်ရောက်သည်။

——————————————————————————————————————————————–

ဖြစ်တည်လာပုံ 
အပင်—-ပင်လတ် မျိုး ဖြစ်သည်။ အမြင့် ၂၀-၃၀ ပေထိ မြင့်တတ် ၏ ။ ပင်စည် နှင့် အကိုင်းအခက် များတွင် ၁/၂ လက်မမှ ၁ လက်မ ထိ ရှည်သည့် ချွန် ထက်မာကျော သော ဆူးများ ရှိ၏။ အပင်နု စဉ် တွင် အပွေး မဲ့ပြီး အပင်ရင့် လာသော အခါမှ အပွေးထူ လာသည်။
အရွက်—ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည် ။ အလျား ၃ လက်မ မှ ၅ လက်မ ထိရှည်ပြီး ရွက်ညှာတွင် အတောင်ပါ သည်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တွင် တစ်ရွက် ပါသည်။ ရွက်ပြား ပြောင်ချော ပြီး တောင့်တင်း မာကျော သည်။ အစိမ်းရင့်ရောင် ရှိသည်။
အပွင့်– သေးငယ် သည် ။ အ၀ါနုရောင် ရှိသည်။ အဆုပ် လိုက်ပွင့် ၏ ။ တန်ခူး ၊ ကဆုန်လများ တွင် ပွင့်သည်။
အသီး–ချဉ်သော အရသာ ရှိ၏ ။ အပြွတ် လိုက် သီး၏ ။ ငရုတ် ကောင်းစေ့ ခန့် ရှိ၏ ။ အစေ့ အ၀ါနုရောင် ဖျော့ဖျော့ ဖြစ်သည်။ ၀ါခေါင်၊ တော်သလင်း လတွင် အသီးမှည့်သည်။
အမြစ်–ရေသောက် မြစ် ရှည်လျားသည်။ ဘေးမြစ်များ လည်း ရှည်လျား ပြီး ဖြန့်၍ ထွက်သည်။ အပွေးအခေါက် ရှိသည်။ ပင်စည်ထက် အရောင် ပို ၀ါသည်။


အသုံးဝင်သော အစိတ်အပိုင်း 

( အရွက် ၊ အသီး ၊ အမြစ်။ )


အကျိုးအာနိသင်

အာနိသင်–မြန်မာ ဆေးကျမ်းများ အလိုအရ သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေတတ်၏ ။ ပူခါး ချုပ်ပွင့် ဖြစ်၏ ။ ငန်းမန်း ကို နိုင်စေ၏ ။ အပူနာ ၊ အအေးနာ နှစ်မျိုးလုံး ၌ သုံးနိုင်၏။


အသုံးပြုပုံ (သုံးစွဲနည်း)

အရွက်
၁ ။ ၀က်ရူးပြန် ရောဂါ ဆေးတွင် သုံး၏ ။ အနာကြီး ရောဂါသည် များ အတွက် အရွက် ကို ပြုတ်၍ ရေချိုး ပြီး ချွေးအောင်း ရ၏ ။ အရွက်ပြုတ်ရည် ကို ဆား များများ ခတ်၍ သောက်ပါက ငှက်ဖျား ရောဂါ ပျောက်၏။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေ နှင့် သောက်ရ၏ ။
၂ ။ အရွက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင် ၊ အနာအဆာ နှင့် ကိုယ်တွင်း ရောဂါဟူ သမျှ ကင်းရှင်း ပပျောက်စေ ၏ ။
အသီး
၁ ။ အဆိပ်ပြေဆေး ၊ ခွန်အား တိုးဆေး ၊ ကျောက်ရောဂါ ကာကွယ်ဆေး နှင့် ပြင်းထန် သောအဖျား ရောဂါများ အတွက် ဖော်စပ် သောဆေးများတွင် ထည့်သွင်း အသုံးပြု သည်။
အမြစ်
၁ ။ ၀မ်းနုတ်ဆေး ၊ ချွေးထုတ်ဆေး တို့တွင် သုံး၏ ။အမြစ်ကို နနွင်း နှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါ သည်များ အညာ ပျောက်၏ ။ ကလေး ချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက် စိမ်းရည်နှင့် ဆတူတိုက် က ချွဲ အမြန် ကျ၏ ။
၂ ။ သနပ်ခါး မြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည် ခြောက်ပဲသား နှင့်ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏ ။
၃ ။ သနပ်ခါး မြစ်မှုန့် သုံးကျပ်သား ကို သကြား ၊ ပျားရည်နှင့် ရောလျက်သော် အစာအိမ်ရှိ အဆိပ် ပြေစေ၏ ။


Credit - Original up-loader
by-ရေးမိရေးရာလေးများ
တွေ့ရှိနိုင်သော နေရာများ

အပူပိုင်း ဒေသဖြစ်သည့် ပခုက္ကူ ၊ မြင်းခြံ ၊ ပြည် ၊ ရွှေဘို ၊ စစ်ကိုင်း ၊ မြိုင်၊ နွားထိုးကြီး ၊ တောင်သာမြို့နယ် များတွင် ပေါက်ရောက်သည်။ အချို့ အထက် အရွက်ပြတ် တောခြောက်များ ၌ လည်း တွေ့ရသည်။
သဘာဝ အလျောက် ပေါက်ရောက်သည်။

——————————————————————————————————————————————–

ဖြစ်တည်လာပုံ
အပင်—-ပင်လတ် မျိုး ဖြစ်သည်။ အမြင့် ၂၀-၃၀ ပေထိ မြင့်တတ် ၏ ။ ပင်စည် နှင့် အကိုင်းအခက် များတွင် ၁/၂ လက်မမှ ၁ လက်မ ထိ ရှည်သည့် ချွန် ထက်မာကျော သော ဆူးများ ရှိ၏။ အပင်နု စဉ် တွင် အပွေး မဲ့ပြီး အပင်ရင့် လာသော အခါမှ အပွေးထူ လာသည်။
အရွက်—ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည် ။ အလျား ၃ လက်မ မှ ၅ လက်မ ထိရှည်ပြီး ရွက်ညှာတွင် အတောင်ပါ သည်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တွင် တစ်ရွက် ပါသည်။ ရွက်ပြား ပြောင်ချော

ပြီး တောင့်တင်း မာကျော သည်။ အစိမ်းရင့်ရောင် ရှိသည်။
အပွင့်– သေးငယ် သည် ။ အ၀ါနုရောင် ရှိသည်။ အဆုပ် လိုက်ပွင့် ၏ ။ တန်ခူး ၊ ကဆုန်လများ တွင် ပွင့်သည်။
အသီး–ချဉ်သော အရသာ ရှိ၏ ။ အပြွတ် လိုက် သီး၏ ။ ငရုတ် ကောင်းစေ့ ခန့် ရှိ၏ ။ အစေ့ အ၀ါနုရောင် ဖျော့ဖျော့ ဖြစ်သည်။ ၀ါခေါင်၊ တော်သလင်း လတွင် အသီးမှည့်သည်။
အမြစ်–ရေသောက် မြစ် ရှည်လျားသည်။ ဘေးမြစ်များ လည်း ရှည်လျား ပြီး ဖြန့်၍ ထွက်သည်။ အပွေးအခေါက် ရှိသည်။ ပင်စည်ထက် အရောင် ပို ၀ါသည်။


အသုံးဝင်သော အစိတ်အပိုင်း


( အရွက် ၊ အသီး ၊ အမြစ်။ )


အကျိုးအာနိသင်


အာနိသင်–မြန်မာ ဆေးကျမ်းများ အလိုအရ သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေတတ်၏ ။ ပူခါး ချုပ်ပွင့် ဖြစ်၏ ။ ငန်းမန်း ကို နိုင်စေ၏ ။ အပူနာ ၊ အအေးနာ နှစ်မျိုးလုံး ၌ သုံးနိုင်၏။


အသုံးပြုပုံ (သုံးစွဲနည်း)


အရွက်
၁ ။ ၀က်ရူးပြန် ရောဂါ ဆေးတွင် သုံး၏ ။ အနာကြီး ရောဂါသည် များ အတွက် အရွက် ကို ပြုတ်၍ ရေချိုး ပြီး ချွေးအောင်း ရ၏ ။ အရွက်ပြုတ်ရည် ကို ဆား များများ ခတ်၍ သောက်ပါက ငှက်ဖျား ရောဂါ ပျောက်၏။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေ နှင့် သောက်ရ၏ ။
၂ ။ အရွက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင် ၊ အနာအဆာ နှင့် ကိုယ်တွင်း ရောဂါဟူ သမျှ ကင်းရှင်း ပပျောက်စေ ၏ ။

အသီး
၁ ။ အဆိပ်ပြေဆေး ၊ ခွန်အား တိုးဆေး ၊ ကျောက်ရောဂါ ကာကွယ်ဆေး နှင့် ပြင်းထန် သောအဖျား ရောဂါများ အတွက် ဖော်စပ် သောဆေးများတွင် ထည့်သွင်း အသုံးပြု သည်။

အမြစ်
၁ ။ ၀မ်းနုတ်ဆေး ၊ ချွေးထုတ်ဆေး တို့တွင် သုံး၏ ။အမြစ်ကို နနွင်း နှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါ သည်များ အညာ ပျောက်၏ ။ ကလေး ချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက် စိမ်းရည်နှင့် ဆတူတိုက် က ချွဲ အမြန် ကျ၏ ။
၂ ။ သနပ်ခါး မြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည် ခြောက်ပဲသား နှင့်ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏ ။
၃ ။ သနပ်ခါး မြစ်မှုန့် သုံးကျပ်သား ကို သကြား ၊ ပျားရည်နှင့် ရောလျက်သော် အစာအိမ်ရှိ အဆိပ် ပြေစေ၏ ။


Credit - Original up-loader
by-ရေးမိရေးရာလေးများ

No comments:

Post a Comment