“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, July 16, 2013

ခေါင်းကိုက်ခြင်း(headache) အကြောင်းသိကောင်းစရာ

Photo: ခေါင်းကိုက်ခြင်း(headache) အကြောင်းသိကောင်းစရာ ...........

လူနာတစ်ယောက်ရောက်လာပြီး ဆရာ ကျွန်တော်ခေါင်းကိုက်နေပါတယ်လို့ ပြောပြီးတာနဲ့  ရပြီး ဆေးကုတော့မယ်လို့ ထင်မိကြပါတယ် တကယ်တမ်းကျ လူနာပြောလာသည့်  ခေါင်းကိုက်ခြင်း၏ နောက်ဆက်တွဲမေးမြန်းစရာများစွာရှိလာပါတယ်  ။တစ်ချို့  မသိသူတွေက ဒါလေးများ ဒါလေးသောက်ပျောက်ပါတယ် လို့ ပြောကြသည့်လူ များစွာရှိသလို့ လုပ်ဆောင်ကြသူ သူတွေလဲ မနည်းပါ ။

မပေါ့သင့်သော ဦးခေါင်းပိုင်းဖြစ်နေတာကို မေ့လျော့မနေသင့်ပါဘူး ဒါကြောင့် ခေါင်းကိုက်တယ်ဆိုရင်တော့ မေးခွန်းများစွာမေးရခြင်းသည့် ကာယကံရှင်လူနာအတွက်ပါ တစ်ချို့ က လက်မခံတာကို တွေ့ ကြုံရပါတယ် ။ဘယ်သူအတွက်ဆိုတာ စဉ်းစားစေချင်ပါတယ်  ။

သာမန်ခေါင်းကိုက်နေခြင်းလား ပြင်းထန်စွာကိုက်ခဲပြီး အသက်အန္တရာယ်ကိုထိခိုက်စေနိုင်လား ဆိုသည့်အတွက်ကြောင့် မေးခွန်းများစွာ အသေးစိတ်မေးမြန်း သိရှိလိုအပ်ပါတယ် ။

အခုခေတ်က ဆေးဝယ်ရတာလဲ လွယ်ကူတယ် မီဒီယာတွေအများစုတွင် ဒါလေးသောက်လိုက် ချက်ခြင်းပျောက် ၊ မော်ဒယ်မမတွေက ဒါလေးကိုဆောင်ထား အစရှိသည့် ဆေးကြော်ငြာလေးတွေက လူအတိုင်းပါးစပ်ဖျားမှာ ဒါလေးကိုဆောင်ထား ဝယ်သောက်လိုက်တော့ ခဏတာတော့ အစဉ်ပြေပျောက်နိုင်ပေမဲ့ သူရဲ့  ဘေးထွက်ဆိုးကျိုးကိုတော့ မမြင်မိတော့ ရေရှည်မှာ အန္တရာယ်တွေသာ လာပါမည်ဆိုတာ မသိဘဲ အလွယ်တကူဝယ်သောက် ဒုက္ခရောက်မယ်ဆိုတာကိုတော့ သိရှိစေလိုပါသည်။

ဦးခေါင်းတစ်ခုလုံးကိုက်ခဲနေခြင်းကို ခေါင်းကိုက်ခြင်း(headache)  လို့ ခေါ်ဝေါသတ်မှတ်ပါတယ် ခေါင်းပိုင်းကလေ လည်ပင်းအထိကိုက်ခဲလာခြင်းလည်း ဖြစ်တက်ပါတယ် အဲလိုဖြစ်ပျက်တာကို ခေါင်းကိုက်ခြင်းလို့ ဘဲ သိထားရပါမယ် ။
လူတစ်ယောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့်အရာက ဦးနှောက် ( Brain ) ပါ ဦးနှောက်ဟာ အလွန်ပင် နုနယ်သိမ့်မွေသည့်အတွက် ထိခိုက်နိုင်ခြင်းမရှိအောင် မာကြောသော Skull ဦးခေါင်းရိုး ဖြင့် ဖုံးအုပ်ပေးထားရပါတယ် ။
ဒီလိုနုညံ့သော ဦးနှောက်တွင် ခံစားမှု့ ပေါင်းစုံရှိပြီး ထိန်းသိမ်းနေရသည့်အတွက် တခါတရံ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်လာတက်သလို့  သောက်နေသည့် ဆေးဝါးများကြောင့်ဖြစ်တက်ပြီး ဦးခေါင်းထိခိုက်မှု့ ကြောင့်လည်း ဖြစ်ပေါ်လာပါတယ် ။ 

သင်သည် ခေါင်းကိုက်ခြင်းကိုပြင်းထန်စွာနာကျင်ကိုက်ခဲနေခြင်း ၊ 
ရက်ပိုင်းခြားတိုးပြီး ကိုက်ခဲလာနေခြင်း ၊ မကိုက်ခဲမှီ အန်လာခြင်း ၊ ကိုက်ခဲခြင်းများနှင့်အတူ ကိုယ်ခန္ဓာလေးလံထိုင်းမှိုင်းလားနေခြင်း ၊ အဖျားဝေဒနာနှင့် တွဲပြီး ရက်ရှည်ကိုက်ခဲလာခြင်း ၊ မိမိ အိပ်စက်ခြင်း မပြု့ မိ ဦးခေါင်းကိုက်ခဲနေခြင်း ၊ မိမိ အိပ်ယာထနိုးစက်သောလဲ ခေါင်းကိုက်ခဲနေခြင်းနှင့်အတူ ရက်ရည်ကိုက်ခဲခြင်း တိုးလာခဲ့ပါက မိမိဘာသာ သက်သာသော ဆေးဝါးများသောက်သုံးခြင်း မပြု့ လုပ်ဘဲ  ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ဖြင့် အစောအလျင်ပြသသင့်ပါကြောင့် ခေါင်းကိုက်ခြင်း၏ နောက်ဆက်တွဲ ဝေဒနာများ တိုးပွားလာမှု့ မဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ

No comments:

Post a Comment