“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, June 14, 2013

အအိပ်မက်သူများ အတွက် နှိုးစက် နာရီပျံ


Photo: အအိပ်မက်သူများ အတွက် နှိုးစက် နာရီပျံ
Friday, 14 June 2013

ကျောင်းသား၊ ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ နံနက် စောစောထပြီး အလုပ်သွားရန် ပြင်ဆင်သူများနှင့် နံနက် စောစောထရာတွင် နှိုးစက် အသံမြည် သော်လည်း နှိုးစက်အား ပိတ်ပြီး ပြန်အိပ်တတ်သောသူများ
အတွက် အဆင်ပြေစေရန် နှိုးစက်နာရီပျံကို တီထွင်လိုက်ပြီ ဖြစ်သည်။

နှိုးစက် နာရီပျံသည် သာမန်နာရီ တစ်လုံးကဲ့သို့ အသံမြည်နိုင်ပြီး နာရီအား အရှည် ၁ ဒသမ ၈ လက်မရှိ LCD ဒိုင်ခွက်တွင် ပြသနေသည်။ နှိုးစက်
နာရီပျံအား မိမိနှိုးစက် ပေးလိုသောအချိန်ကို သာမန် နာရီ တစ်လုံးကဲ့သို့
နှိုးစက် ပေးလိုက်ပါက သတ်မှတ်နာရီ အချိန်ရောက်လျှင် နှိုးစက် နာရီပျံမှ အသံကျယ်လောင်စွာ အချက်ပေးပြီး နာရီ အပေါ်ဘက်တွင် တပ်ထားသည့် ပန်ကာ ဒလက်သော့မှာ လည်ပတ်ပြီး နာရီမှ ဝေးရာသို့ ပျံထွက်သွားသည်။ 

၎င်းပန်ကာ ဒလက်သော့အား မူလ နေရာသို့ ပြန်လည် တပ်ဆင်ခြင်း မပြုသရွေ့ နှိုးစက် သံအား တိတ်အောင် မပြုလုပ်နိုင်ပေ။ ပန်ကာဒလက်
အား နှိုးစက် နာရီပျံရှိ မူလနေရာတွင် ပြန်လည် တပ်ဆင်မှသာ နှိုးစက်သံ တိတ်သွားမည် ဖြစ်သည်။ အဆိုပါ နာရီတွင် AA အရွယ်အစား ဓာတ်ခဲ ငါးလုံး အသုံးပြု ထားပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၃ ဒေါ်လာ ဖြစ်သည်။ 

မွန်ကြီး
ကျောင်းသား၊ ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ နံနက် စောစောထပြီး အလုပ်သွားရန် ပြင်ဆင်သူများနှင့် နံနက် စောစောထရာတွင် နှိုးစက် အသံမြည် သော်လည်း နှိုးစက်အား ပိတ်ပြီး ပြန်အိပ်တတ်သောသူများ
အတွက် အဆင်ပြေစေရန် နှိုးစက်နာရီပျံကို တီထွင်လိုက်ပြီ ဖြစ်သည်။

နှိုးစက် နာရီပျံသည် သာမန်နာရီ တစ်လုံးကဲ့သို့ အသံမြည်နိုင်ပြီး နာရီအား အရှည် ၁ ဒသမ ၈ လက်မရှိ LCD ဒိုင်ခွက်တွင် ပြသနေသည်။ နှိုးစက်
နာရီပျံအား မိမိနှိုးစက် ပေးလိုသောအချိန်ကို သာမန် နာရီ တစ်လုံးကဲ့သို့နှိုးစက် ပေးလိုက်ပါက သတ်မှတ်နာရီ အချိန်ရောက်လျှင် နှိုးစက် နာရီပျံမှ အသံကျယ်လောင်စွာ အချက်ပေးပြီး နာရီ အပေါ်ဘက်တွင် တပ်ထားသည့် ပန်ကာ ဒလက်သော့မှာ လည်ပတ်ပြီး နာရီမှ ဝေးရာသို့ ပျံထွက်သွားသည်။

၎င်းပန်ကာ ဒလက်သော့အား မူလ နေရာသို့ ပြန်လည် တပ်ဆင်ခြင်း မပြုသရွေ့ နှိုးစက် သံအား တိတ်အောင် မပြုလုပ်နိုင်ပေ။ ပန်ကာဒလက်အား နှိုးစက် နာရီပျံရှိ မူလနေရာတွင် ပြန်လည် တပ်ဆင်မှသာ နှိုးစက်သံ တိတ်သွားမည် ဖြစ်သည်။ အဆိုပါ နာရီတွင် AA အရွယ်အစား ဓာတ်ခဲ ငါးလုံး အသုံးပြု ထားပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၃ ဒေါ်လာ ဖြစ်သည်။

မွန်ကြီး

No comments:

Post a Comment