စပိန်နိုင်ငံ
တည်နေရာစပိန်နိုင်ငံသည် အတ္တလန္တိတ် သမုဒ္ဒရာနှင့် မြေထဲပင်လယ် ထဲသို့ ထိုးထွက်နေသော ကျွန်းဆွယ်ကြီး ဖြစ်သည်။ အရှေ့မြောက်ဘက်တွင် ပြင်သစ်နိုင်ငံ ရှိသည်။
မြေမျက်နှာပြင်
တောင်ထူထပ်ပေါင်များသော နိုင်ငံ ဖြစ်သည်။ အလယ်ပိုင်းဒေသသည် ညီညာသော ကုန်းပြင်မြင့်များ ဖြစ်သည်။ အရှေ့မှ အနောက်သို့ သွယ်တန်းလျက်ရှိသော တောင်တန်းကြီး ငါးခု ရှိသည်။
အကျယ်အဝန်း- စတုရန်းမိုင်ပေါင်း ၁၉၄,၈၈၃ ကျယ်ဝန်းသည်။
ရာသီဥတု
မြေထဲပင်လယ်ရာသီဥတု ရှိသည်။ သို့သော် တစ်နေရာ တစ်နေရာ အပူအအေး ကွဲပြား ခြားနားသည်။ မိုးရေချိန်မှာလည်း အရှေ့မြောက်ပိုင်းတွင် ၃၉ လက်မ၊ အလယ်ပိုင်းတွင် ၃၁ လက်မ၊ အရှေ့တောင်ပိုင်းတွင် ၁၆ လက်မ အသီးသီး ရှိသည်။
လူဦးရေ- ၃၉,၂၄၄,၁၉၅ ယောက် ရှိသည်။
မြို့တော်နှင့် မြို့ကြီးများ
မြို့တော်မှာ မက်ဒရစ်မြို့ ဖြစ်သည်။ အခြားမြို့ကြီးများမှာ ဘာစီလိုနာ၊ ဗေလင်စီယာ၊ စီဗလီ၊ မာလဂါ စသည်တို့ ဖြစ်သည်။
လူမျိုးနှင့် ဘာသာစကား
စပိန်လူမျိုးများ အများစု နေထိုင်ကြသည်။ စပိန်ဘာသာ စကားမှာ ရုံးသုံးဖြစ်ပြီး စပိန်ဘာသာ စကားကိုပင် လူအများစုက ပြောဆိုကြသည်။
ကိုးကွယ်သည့်ဘာသာ
ဗရင်ဂျီဘာသာကို အများစု ကိုးကွယ်ကြသည်။ ပရိုက်တက်စတင့်နှင့် ဟီဘရူးဘာသာဝင်များလည်း ရှိသည်။
ငွေကြေး- ပီဆက်တာငွေကို သုံးသည်။
ကုလသမဂ္ဂအဖွဲ့ဝင်သည်နေ့- ၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
နောက်ခံသမိုင်း
မူလက ရောမအင်ပိုင်ယာတွင် ကျရောက်ခဲ့ပြီးနောက် ဂေါလ်လူမျိုးများနှင့် အာရပ်လူမျိုးများ တိုက်ခိုက် သိမ်းပိုက်ကြသည်။ ၁၁ ရာစုတွင် နယ်ချဲ့တို့ကို တိုက်ထုတ်ပြီး ခရစ်ယာ ဘာသာဝင် ပဒေသရာဇ်မင်းများ အုပ်ချုပ်ခဲ့သည်။ ၁၅ ရာစုနှင့် ၁၆ ရာစု အတွင်းတွင် စပိန်သည် နယ်သစ်များကို ရှာဖွေနိုင်ခဲ့သဖြင့် အင်အား တောင့်တင်းသော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာသည်။ နယ်ချဲ့ဖက်များဖြစ်သော ပြင်သစ်၊ ဗြိတိသျှ၊ အမေရိကန်တို့နှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။
စင်ကာပူသမ္မတနိုင်ငံ
တည်နေရာအရှေ့တောင်အာရှ မလေးကျွန်းဆွယ်၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ မြောက်ဘက်တွင် မလေးရှား ပြည်ထောင်စု၊ ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့ဘက်တွင် မလေးရှားပြည်ထောင်စု၏ ပြည်နယ် ဆာဘာနှင့် ဆာရာဝက်တောင်ဘက်တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံတို့ ဝန်းရံထားသည်။
အကျယ်အဝန်း
စင်ကာပူကျွန်းမကြီးသည် အလျား ၂၆ မိုင်၊ အနံ ၁၄ မိုင် ရှိပြီး ကျန်ကျွန်းကလေးများ အပါအဝင် ဧရိယာ စတုရန်းမိုင်း ၂၂၄.၅ ကျယ်ဝန်းသည်။
ရာသီဥတု
အီကွေတာရာသီဥတု ရှိသည်။ တစ်နှစ်ပတ်လုံး မိုးများစွာ ရွာသွန်းသည်။ ပျမ်းမျှ အပူချိန် ၇၅ ဖာရင်ဟိုက်မှ ၈၇ ဖာရင်ဟိုက် အတွင်း ရှိသည်။
လူဦးရေ- ၃,၄၆၁,၉၂၉ ယောက် ရှိသည်။
မြို့တော်- မြို့တော်မှာ စင်ကာပူမြို့တော် ဖြစ်သည်။
လူမျိုးနှင့် ဘာသာစကား
စင်ကာပူနိုင်ငံတွင်း မလေး၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဥရောပတိုက်သားများ နေထိုင်ကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ ရုံးသုံးဖြစ်ပြီး မလေး၊ တရုတ်၊ တမီးလ်ဘာသာ စကားများကို ပြောကြသည်။
ကိုးကွယ်သည့်ဘာသာ
အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ကွန်ဖြူးရှပ်စ်ဝါဒနှင့် တာအိုဇူးဝါဒများကို ယုံကြည် ကိုးကွယ် ကြသည်။
ငွေကြေး- စင်ကာပူဒေါ်လာကို သုံးစွဲကြသည်။
ကုလသမဂ္ဂအဖွဲ့ဝင်သည့်နေ့- ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့။
နောက်ခံသမိုင်း
စင်ကာပူနိုင်ငံသည် မလေးရှား ပြည်ထောင်စု အတွင်းမှ ၁၉၆၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် နုတ်ထွက်လိုက်ပြီးနောက် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တည်ထောင်ခဲ့သည်။
ဆမိုအာကျွန်းစုနိုင်ငံ
(အနောက်ဆမိုအာ)
တည်နေရာပစိဖိတ်သမုဒ္ဒရာပိုင်းတွင် ရှိသည်။ အရှေ့ဘက်တွင် အမေရိကန် ဆမိုအာကျွန်းစု၊ တောင်ဘက်တွင် တွန်ဂါနိုင်ငံ၊ အနောက်ဘက်တွင် ဖီဂျီနိုင်ငံ၊ အနောက်မြောက်ဘက်တွင် တူဗာလူနိုင်ငံ၊ မြောက်ဘက်တွင် တုပ်လောကျွန်းစုတို့ ဝန်းရံလျက်ရှိသည်။
မြေမျက်နှာပြင်
မျက်နှာပြင် ညီညာမှု မရှိ။ တောင်ထူထပ်သည်။ ကမ်းရိုးတန်းမှာ သန္တာကျောက်တန်းများ ရှိသည်။ မီးတောင်များ ပေါများသည်။
အကျယ်အဝန်း- စတုရန်းမိုင် ၁,၁၃၃ ကျယ်ဝန်းသည်။
ရာသီဥတု
နွေရာသီ၊ ဆောင်းရာသီနှင့် မိုးရာသီဟူ၍ သုံးမျိုးရှိသည်။ အောက်တိုဘာလမှ မတ်လအတွင်း မိုးများစွာ ရွာသွန်းသည်။ နှစ်စဉ် မိုးရေချိန် ၁၀၃ လက်မထိ ရွာသွန်းသည်။ ပျမ်းမျှအပူချိန်မှာ ၇၂ ဖာရင်ဟိုက်မှ ၈၆ ဖာရင်ဟိုက်ထိ ရှိသည်။ ပင်လယ်လေတိုက်ခိုက်ခြင်းကြောင့် အပူလွန်ကဲမူ မရှိချေ။
လူဦးရေ- ၂၁၉,၅၀၉ ယောက် ရှိသည်။
မြို့တော်နှင့် မြို့ကြီးများ
မြို့တော်မှာ အေပီးယားမြို့ ဖြစ်သည်။ အခြားမြို့များမှာ အာဆော၊ ဆာအူဝါဖာတာ၊ ဖာလီယိုလို စသည့် မြို့များဖြစ်သည်။
လူမျိုးနှင့် ဘာသာစကား
ပေါ်လီနီးရှင်း အနွယ်ဝင် ဆမိုအာ တိုင်းရင်းသားများ အများစု နေထိုင်ကြသည်။ ယူရိုးနီးရှန်း လူမျိုးနှင့် ဥရောပတိုက်သားများလည်း နေထိုင်ကြသည်။ ဆမိုအာနှင့် အင်္ဂလိပ်ဘာသာ စကားများကို ပြောဆိုကြသည်။
ကိုးကွယ်သည့်ဘာသာ- ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။
ငွေကြေး- တာလာငွေကို သုံးသည်။
ကုလသမဂ္ဂအဖွဲ့ဝင်သည့်နေ့- ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
နောက်ခံသမိုင်း
၁၇၂၂ ခုနှစ်တွင် ဒတ်ခ်ျတို့ ပထမဦးဆုံး ရောက်လာ၍ အခြေချနေထိုင်ခဲ့သည်။ ၁၉ ရာစု တစ်လျှောက်တွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီတို့သည် ဆမိုအာကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် စပ်လျဉ်းပြီး အငြင်းပွားခဲ့ကြသည်။ ၁၉၁၄ ခုနှစ်ထိ နယူးဇီလန်နိုင်ငံက သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၁၉၄၆ ခုနှစ်တွင် ကုလသမဂ္ဂ အစောင့်အရှောက်ခံ နိုင်ငံ ဖြစ်လာသည်။ ထိုမှ တဖန် ကျွန်းသားတို့၏ တောင်းဆိုမှုကြောင့် ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့သည်။
ဦးဝမ်ထိန် ရေးသားပြုစုသည့် ကမ္ဘာ့ရွာ (သို့မဟုတ်) ကမ္ဘာ့နိုင်ငံ မိသားစုများ စာအုပ်မှ ကူးယူဖော်ပြသည်။
http://onlinepyadaik.com/
No comments:
Post a Comment