“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 5, 2013

ဒီလိုပါ(ဟာသ)

Photo: ........  ဒီလိုပါ...........

မမြ တွင် တာတီး ဟုဆိုသော  ၄ နှစ်အရွယ် သားတစ်ယောက် ရှိ၏။ ထိုကလေး သည် လွန်စွာမှ ဆော့၏။

တစ်ရက် အိမ်ရှေ့ရှိ မြေကွက်လပ်တွင် ဆော့နေရင်း .....သူ့ နား ထဲ သို့ ခဲလုံး တစ်လုံး ၀င်သွားကြောင်း ငိုပီးလာပြောလေ၏။

မိခင်ဖြစ်သူ မမြ လည်း ပြာပြာသလဲနှင့် ဆေးရုံ သို့ ပြေးရလေတော့သည်။

ဆရာဝန်မှ ကလေးငယ်၏ နား ထဲမှ ခဲလုံး ကို တနာရီခန့် ကြာအောင် ခက်ခက်ခဲခဲ ထုတ်ယူ ရလေသည်။

ပီးနောက် လူနာကုတင်ဘေး  ရှိ ဘမ်းပေါ်သို့ထုတ်ယူလိုက်သောကျောက်ခဲလုံးကိုတင်လိုက်၏။......

ထို့နောက် ချွေးပြန်နေသော ဆရာဝန်မှ .......

"မင်း တော်တော်ဆိုးတဲ့ကလေး ပဲ။ငါတောင်ချွေးပြန်တယ်။ ဒီခဲလုံးကိုမင်းနားထဲ ၀င်အောင် ဘယ်လိုများ လုပ်လိုက်တာလဲ ကွာ"ဟုပင်ပန်းသံဖြင့်ဆို၏။

ထိုအခါ ကလေးငယ်မှ......

" ဒီလိုလုပ်လိုက်တာပါ ...."..ဟု ပြောရင်း ဘေးနားရှိ ဘမ်းပေါ်မှထုတ်ပီးသား ကျောက်ခဲလုံး ကို ယူကာ သူ့နားထဲ သို့ ပြန်လည်ထည့်ပြလိုက်လေသည်။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely......

http://www.facebook.com/jokeandothers

No comments:

Post a Comment