“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, March 8, 2013

စွပ်ပြုတ်အစားထိုးရေခဲမုန့်

Photo: စွပ်ပြုတ်အစားထိုးရေခဲမုန့်

08 MAR ACM 2013 | BY HEALTH DIGEST

များသောအားဖြင့် အအေးမိ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး Influenza ဝင်ခံရပြီး တုပ်ကွေးဖြစ်တဲ့အခါ ကြက် စွပ်ပြုတ်ပူပူလေး သောက်ခြင်းဖြင့် ဝေဒနာတွေ သက်သာသွားအောင် ကုစားခဲ့ကြပါတယ်။ ယခုတော့ တုပ်ကွေးရောဂါ ပိုးဒဏ်ကို သက်သာစေမယ့် ပျော်စရာကောင်းတဲ့ နည်းလမ်း တစ်ခု ထွက်ပေါ် လာပါပြီ။ ရေခဲမုန့် ထုတ်လုပ်သော အမေရိကန်ပြည် ထောင်စုရှိ ကုမ္ပဏီ အငယ်စားလေး တစ်ခုက ယခုနှစ်ပိုင်း အတွင်း အဖြစ်များနေသော အထက်ပါ တုပ်ကွေး ရောဂါကို သက်သာစေနိုင်မယ့် အနံ့ အရသာ အသစ်ဖြင့် ထုတ်လုပ်ထားသော ရေခဲမုန့် တစ်မျိုးကို တီထွင် လိုက်ပါတယ်။ Influenza Sorbet လို့ခေါ်တဲ့ ထိုရေခဲမုန့် အမျိုးအစားကို ယခင်က အအေးမိ တုပ်ကွေး လက္ခဏာများကို သက်သာစေရာ မှာ အသုံးပြုခဲ့သော ပစ္စည်းများ ဖြစ်သည့် သံပရာ၊ Canyenne Pepper တို့ ပါဝင်ပါတယ်။ တစ်ပိုင့်လျှင် ၁၂ ဒေါ်လာတန် ထိုရေခဲမုန့်မှာ ဂျင်း၊ ပျားရည်တို့ကိုပါ ထည့်သွင်းထုတ် လုပ်ထားပါတယ်။ လည်ချောင်းနာခြင်း၊ နှာစေးခြင်းဝေဒနာ များကို သက်သာစေပါတယ်။ ချောင်းဆိုးပျောက် ဆေးများထဲတွင် ပါဝင်သော Pectin အမည်ရှိ ဆေးဝါးတစ်မျိုးလည်း ပါဝင်ပြီး ထိုဆေးက လည်ပင်းကို Coat လုပ်ပေးသလို ဖြစ်စေပါတယ်။ တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်မားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဆေး ရေခဲမုန့်ရောင်းအားလည်း သိသာ စွာ ထိုးတက်သွားခဲ့ကြောင်း သိရ ပါတယ်။
ဇင်မာမြင့်

 ( HEALTH DIGEST )

http://www.facebook.com/MyawadyNews

No comments:

Post a Comment