“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 5, 2013

တစ်ခွက်ပါပဲ(ဟာသ)

Photo: တစ်ခွက်ပါပဲ

ကိဖိုးတေ တစ်ယောက်ဟာ အရက်ကို စမ်းသောက်ရင်းနဲ့ စွဲစွဲ မြဲမြဲ သောက်ဖြစ်သွား၏။

ထို့ကြောင့် ကျန်းမာ ရေးမှာ တနေ့တခြား ယိုယွင်းလာလေသည်။

သို့နှင့် နောက်ဆုံးတွင် ဆေးခန်းသို့ သွားကာ ဆရာဝန်နှင့် ပြရသည့် အခြေအနေသို့ ရောက်ရလေ၏။

ဆရာဝန်။ ။ ကိုဖိုးတေ.....ခင်ဗျားတစ်နေ့ကို အရက်ဘယ်လောက်သောက်သလဲဗျ။

ကိုဖိုးတေ။ ။နှစ်ပုလင်း လောက်တော့ ရှိလိမ့်မယ် ဆရာ ။

ဆရာဝန်။ ။ဒါဆို အရက်ဖြတ်လိုက်ပါ။ မဟုတ်ရင် အသက် အန္တ ရာယ် ဖြစ်လာလိမ့်မယ်။

ကိုဖိုးတေ။ ။မလွယ်ဖူး ထင်ပါတယ် ဆရာ......အခြားနည်းလမ်းလေးများမရှိဖူးလား...ဗျာ။

ဆရာဝန်။ ။အဲဒီလိုဆို ........လျှော့သောက်ဗျာ။ ထမင်းစားကာ နီး တစ်ခွက်လောက် သောက်ပေါ့...ဟုတ်ပီလား။

ကိုဖိုးတေတစ်ယောက် တစ်လ ခန့်ကြာသော အခါ ဆေးခန်းသို့ ရောက်လာပြန်လေ၏။

ကိုဖိုးတေ။ ။ဆရာရေ...ကျနော့် ကျန်းမာ ရေး က ပိုချို့ယွင်း လာသလိုပဲဗျ။

ဆရာဝန်။ ။ဟာ...ကိုဖိုးတေ ရယ်။ခင်ဗျား ကျနော့် စကားကို နားမထောင်ဖူးထင်တယ်။ခင်ဗျား ကျန်းမာရေးက အရင်ထက်တောင် ပိုဆိုးလာပါလားဗျ။

ကိုဖိုးတေ။ ။ဟာ..ကျနော် ဆရာ့စကားနားထောင်ပါတယ်။ထမင်းစားကာနီးမှ တစ်ခွက်ပဲသောက်တယ်လေ။ဒါပေမဲ့ 

ကျနော်ခုသောက်နေတဲ့ ခွက်က နှစ်ပုလင်း ထည့်တာတောင် မပြည့် လို့ နောက်ထပ်တောင် ထဲ့ ရတယ် ခင်ဗျ။ 

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely (ကိုလုံ )

http://www.facebook.com/jokeandothers

No comments:

Post a Comment