“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 5, 2013

အဝလွန် မိခင်များမှ မွေးဖွားသော ကလေးငယ်များ နှလုံးရောဂါ ဖြစ်ပွားနိုင်ဖွယ် ရှိကြောင်း သြစတြေးလျ သုတေသီများ လေ့လာတွေ့ရှိ

အဝလွန်သည့် မိခင်များမှ မွေးဖွားသော မွေးကင်းစ ကလေးများ၌ ပင်မ သွေးလွှတ်ကြောသည် ထူပြီး နောင်တွင် နှလုံးရောဂါ ဖြစ်ပွားနိုင်ဖွယ် ရှိကြောင်း သြစတြေးလျ နိုင်ငံမှ သုတေသန အဖွဲ့ အစည်း တစ်ခုက ပြောကြားခဲ့သည်။ ကလေးငယ်များ၌ ပင်မ သွေးလွှတ်ကြော ထူနေခြင်းကို
မွေးကင်းစ အရွယ်တွင် တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း Archives of Disease in Childhood ဂျာနယ်မှ ထုတ်ဝေသော သတင်းတစ်ပုဒ် အရ သိရသည်။ မဲလ်ဘုန်းမြို့မှ ဆရာဝန်များသည် သုတေသ န ပြုရာတွင် ပါဝင်ခဲ့သော ကိုယ်ဝန်ဆောင် မိခင် ၂၃ ဦး၏ ကိုယ်ခန္ဓာ အလေးချိန်ကို တိုင်းတာခဲ့ပြီး မွေးဖွားပြီးနောက် ခုနစ်ရက် အတွင်း ကလေးငယ်၏ ပင်မ သွေးလွှတ်ကြောကို အက်ထရာေ ဆာင်း ရိုက်ကူးပြီး တိုင်းတာခဲ့သည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် ခန္ခာကိုယ် အလေးချိန် အညွှန်းကိန်း ၂၅ ကျော်ရှိသည့် အဝလွန် အမျိုးသမီးများမှ မွေးသော ကလေးငယ် များသည် သာမန် ကိုယ်အလေးချိန် ရှိသည့် မိခင်များမှ မွေးသော ကလေးငယ်များထက် ပင်မ သွေးလွှတ်ကြော နံရံ သုည ဒသမ ဝ၂လက်မ (သုည ဒသမ ဝ၆ မီလီမီတာ)ပို၍ ထူသည်ကို တွေ့ရှိ ခဲ့ရသည်။

 မိခင်၏ ကိုယ် အလေးချိန်များလေ ကလေးငယ်၏ ပင်မ သွေးလွှတ်ကြော နံရံ ထူလေဖြစ်ပြီး ပင်မ သွေးလွှတ်ကြော ထူခြင်းသည် သွေးလွှတ်ကြော ပိတ်ဆို့မှုကို ဖြစ်စေသည်။ ထို့အတူ မိခင်၏ ကိုယ် အလေးချိန် များခြင်းသည် ကလေးငယ်၏ အနာဂတ် ဘဝတွင် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ပွား စေနိုင်သည်ဟု လေ့လာ တွေ့ရှိချက် အသစ်တွင် အကြံပြု ထားသည်။ သို့သော် အဆို ပါ တွေ့ရှိချက်နှင့် စပ်လျဉ်း၍ စစ်ဆေး ရှာဖွေ မှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ။

ယွန်းစံအိမ်
http://www.myawady.net.mm/health/knowledge/item/8485-2013-03-06-09-43-14

No comments:

Post a Comment