“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, November 2, 2012

မိမိမွေးလာမည့်ကလေး၏ လိင်အမျိုးအစားကို သွေးဖောက်စစ်ဆေးမှုဖြင့် ကြိုတင်သိရှိနိုင်တော့မည်


မိမိဗိုက်ထဲက ကလေးမမွေးမီ ကာလမှာ မိမိမွေးဖွားလာမယ့် ကလေးဟာ သားလေး ဒါမှမဟုတ် သမီးလေးမှန်း သိနိုင်ဖို့ မိခင်လောင်းတွေ အနေနဲ့ ကိုယ်ဝန်ဒုတိယ သုံးလမှတီဗွီဓာတ်မှန် (UItra sound) ရိုက်ကြည့်ကြရပါသည်။
ဒါပေမဲ့ လေ့လာမှု အသစ်အရ ကိုယ်ဝန်ဆောင် စောစောပိုင်း ကာလ တွေမှာ သွေးဖောက် စစ်ဆေးတာကြောင့် မိမိမွေးမယ့် ကလေးရဲ့ လိင်အမျိုးအစားကို တိကျတဲ့ အဖြေထွက်နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။ ရောဂါ အခြေအနေကြောင့် တချို့ လူနာတွေမှာ မွေးလာမယ့် ကလေးရဲ့ လိင်အမျိုးအစားကို စောစောစီးစီးသိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေမြွှာရည်ကို စစ်ဆေးတာတွေ လုပ်ရတဲ့အတွက် ကိုယ်ဝန် ပျက်ကျနိုင်ခြေ အနည်းငယ် ရှိပေမယ့် မျိုးရိုးလိုက်တဲ့ ရောဂါတွေအတွက် ကလေးရဲ့လိင်အမျိုးအစားကို ကြိုတင်သိဖို့ အရေးကြီးတာကြောင့် ရေမွှာရည် စစ်ဆေးမှုတွေကို ပြုလုပ်နေရပါတယ်။
ခုနောက်ပိုင်း ကိုယ်ဝန်ဆောင် မိခင်ရဲ့ သွေးကို ဖောက်စစ်ပြီး လိင်အင်္ဂါ စစ်ဆေးမှု ပြုလုပ်ကြည့်ရာ တိကျတဲ့ အဖြေထွက်လာ တယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၂၀၁ ယောက်ကို သွေးဖောက်ပြီး လေ့လာရာမှ ၁၈၉ ယောက်မှာ တိကျတဲ့အဖြေ ရရှိတယ်လို့ သိရပါတယ်။ သူတို့ထဲမှ ၁၅၆ ယောက်ဟာ X-ခရိုမိုဇုန်းနဲ့ ဆက်စပ်တဲ့ ရောဂါကိုရှာဖွေဖို့ အတွက် လိင်အင်္ဂါစစ်ဆေးမှု ပြုလုပ်ရတာ လို့ဆိုပါတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498877&xgs=1&xg_source=msg_share_post

No comments:

Post a Comment