“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, November 2, 2012

ဖြည်းဖြည်းလေး အသက်ရှူက နာကျင်မှုသက်သာနိုင်


ယောဂကျင့်စဉ်လိုမျိုး အသက်ရှူ လေ့ကျင့်ခန်း လုပ်တာကြောင့် အတော်အသင့် နာကျင်တာကို သက်သာစေနိုင်ကြောင်း လေ့လာသူတွေ အနေနဲ့ နာတာရှည် နာကျင်မှုရှိတဲ့ အမျိုးသမီး ၂၇ ယောက်နဲ့ သူတို့နဲ့ အသက်တူညီမှုရှိတဲ့ ကျန်းမာတဲ့ အမျိုးသမီး ၂၅ ယောက်ရဲ့ နာကျင်မှု တုံ့ပြန်မှုကို စမ်းသပ်ခဲ့ပါတယ်။
ပုံမှန် အသက်ရှူနှုန်းကို ထက်ဝက်ခန့် နှေးလိုက်တဲ့အခါမှာ နာကျင်မှုဝေဒနာ ခံစားရတာ နည်းသွားပြီး စိတ်ခံစားမှု မသက်မသာ ဖြစ်တာလည်း လျော့သွားတာကို လေ့လာသူတွေ တွေ့ရှိခဲ့ပါတယ်။ အသက်ရှူနှုန်း နှေးလိုက်တာကြောင့် ထောက်ပံ့ နာ့ဗ်ကြော အဖွဲ့ Sympathetic Nervous System နဲ့ အလိုအလျောက် နာ့ဗ်ကြောအဖွဲ့ Parasympathetic Nervous System တို့ ညီညွှတ်မျှတ သွားတာကြောင့်လို့ ဆိုပါတယ်။
စိတ်ဖိစီးမှုများတဲ့ အချိန်မှာ ထောက်ပံ့ နာ့ဗ်ကြော အဖွဲ့က ပိုအလုပ်လုပ်တဲ့ အတွက် နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားတက်တာနဲ့ ချွေးထွက်များတာတွေလိုမျိုး ဖြစ်လာပါတယ်။ Sympathetic အာရုံကြောအဖွဲ့ကို စက်လှေကားလိုမျိုး မြင်ကြည့်ရင် Parasympathetic အာရုံကြောအဖွဲ့က ဘရိတ် (brake) လိုမျိုးလုပ်ဆောင်ပေးပါတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498921&xgs=1&xg_source=msg_share_post

No comments:

Post a Comment