“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 11, 2012

အသစ်ရှာပြီး စွန့်ပစ်သွားသော မိမိချစ်သူက ထိုအသစ်ကို အဆက်အသွယ်ဖြတ်ပြီး မိမိအနားကို အမြန်ဆုံး ပြန်ကပ်လာစေဖို့

အချို့ အချို့သော အမျိုးတွေနဲ့ အချို့အချို့သော အမျိုးသမီးတွေဟာ ချစ်သူ(ရည်းစား)တစ်ယောက်တည်း ထားရတာကို အားမရတတ်ဘူး..ဒါကြောင့် ချစ်သူ(ရည်းစား) နှစ်ယောက်၊ သုံးယောက်၊ လေးယောက် စသဖြင့် အပြိုင်ထားတတ်ကြတယ်..
 အချို့ဆိုရင် ဒီထက်လဲ ပိုများပြားတတ်တယ်..ချစ်သူ(ရည်းစား)များပြီး မိမိကို မိမိချစ်သူက သိပ်ပြီး အရေးမထားဘဲ စိမ်းစိမ်းကား ကား မေ့မေ့ ပျောက်ပျောက်လုပ်တာကို မခံစားနိုင်ဘူးဆိုသူများက ဒီအစီအမံကို ဆောင်ရွက်ကြည့်ပါ..
 အဓိက လိုအပ်တဲ့ ပစ္စည်းကတော့ ခွေးတောက်နွယ်ရဲ့ အရွက်နဲ့ ခံတက်ပင်ရဲ့ အရွက်တို့သာ ဖြစ်ပါတယ်.အဲဒီအရွက်တွေကို ဈေးမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်..

    အချို့နေအိမ်တွေမှာလဲ အဲဒီအပင်မျိုးတွေ ရှိနိုင်ပါတယ်..ခွေးတောက်နွယ်ရွက် ခပ်ကြီးကြီးတစ်ရွက်နဲ့ ခံတက်ပင်ရဲ့အရွက် ခပ်ကြီးကြီးတစ်ရွက် လိုအပ်ပါမယ်..
  ထို့အပြင် မိမိဝတ်နေကျ နားကပ်နှစ်ဖက်လဲ ရှိရပါမယ်..နားကပ်ဝတ်ဆင်လေ့မရှိဘူးဆိုရင်တော့ ဖန်စီနားကပ်အသစ်တစ်ရန်(နှစ်ဖက်)အမြန် ၀ယ်ပြီး အနည်းဆုံး (၁၀)ရက်ခန့် မချွတ်တမ်းဝတ်ထားဖို့ လိုမယ်..
 ခွေးတောက်ရွက်ပေါ်မှာ ဘောလ်ပင်နဲ့ အောက်ပါစာတန်းကို ရေးရမယ်.(အဖျားဘက်မှ အညှာဘက်ကို ရေးပါ)..
 “မိမိချစ်သူ(---)နဲ့ ချစ်ကြိုက်နေကြသူများ အမြန်ဆုံး မုန်းတီး အဆက်အသွယ်ပြတ်ပြီး မိမိချစ်သူက မိမိအနား အမြန်ဆုံး ပြန်ကပ်လာပါစေ”
 ခံတက်ရွက်ပေါ်မှာလဲ ဘောပင်နဲ့ အောက်ပါစာတန်းကို ရေးရပါမယ်.(အရွက်အဖျားဘက်မှ အညှာဘက်ကို ရေးပါ)..
 “မိမိ(---)အနားကို မိမိချစ်သူ(---)မှ အမြန်ဆုံး ပြန်ကပ်ပြီး ယခင်ကလို ချစ်ခင်ပျော်ရွှင် စိတ်ချမ်းသာရပါစေ”
မှတ်ချက်
 မိမိချစ်သူ(---)ဆိုတဲ့ နေရာမှာ ချစ်သူ(ရည်းစား)ရဲ့ နာမည်ကို ရေးပါ။ မိမိ(---)ဆိုတဲ့ နေရာမှာ မိမိနာမည်ကို ရေးပါ.
 ညစဉ် အိပ်ရာဝင်ခါနီးတိုင်း ဘယ်ဘက်နားကပ်ကို ချွတ်၊ ခွေးတောက်နွယ်ရွက်နဲ့ ထုပ်ပြီး အိပ်ရာခေါင်းအုံး ဘယ်ဘက်အောက်မှာ ထားအိပ်ပါ..
 ညာဘက်နားကပ်ကို ချွတ်ပြီး ခံတက်ရွက်နဲ့ထုပ် အိပ်ရာခေါင်းအုံး ညာဘက်အောက်မှာ ထားအိပ်ပါ.မနက် အိပ်ရာကထချိန်မှာ ဘယ်နားကပ် ခွေးတောက်ရွက်ထုပ်ကို ဘယ်လက်နဲ့ကိုင်ပြီး အရွက်ပေါ်က စာသားအတိုင်း နှုတ်က (၃)ခေါက်ရွတ်ပါ..
 အလားတူ ညာနားကပ် ခံတက်ရွက်ထုပ်ကို ညာလက်မှာကိုင်ပြီး ခံတက်ရွက်ပေါ်ရေးထားတဲ့ စာသားအတိုင်း (၄)ခေါက်ရွတ်ပါ..အဲဒီလို ရွတ်ပြီးမှ ဘယ်နားကပ်နဲ့ ညာနားကပ်ကို နေ့ခင်းဘက် တစ်နေကုန် ၀တ်ဆင်ထားပါ..
 အရွက်တွေကိုတော့ ဘယ်၊ ညာ ခေါင်းအုံးအောက်မှာ ပြန်ထည့်ထားပါ..အဲဒီနည်းအတိုင်း ဆက်လုပ်ပါ..အရွက်တွေကို (၁၀)ရက်တစ်ကြိမ်ဖြစ်စေ၊ (၅)ရက်တစ်ကြိမ်ဖြစ်စေ အသစ်ပြန်လဲနိုင်ပါတယ်..
 အရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်အခါ သီးခြားသတ်မှတ်ထားတာ မရှိပါဘူး..ဒါပေမယ့် ပထမဆုံးအကြိမ် စတင်ရေးသားဆောင်ရွက်တဲ့ နေ့ရက်ကတော့ မြန်မာလဆန်း (၉)ရက်ဖြစ်စေ၊ လဆုတ်(၉)ရက်ဖြစ်စေ လုပ်တာဟာ ပိုပြီး အစွမ်းထက် ထိရောက် အောင်မြင်တတ်ပါတယ်..အများအားဖြင့် (၉)ရက်မှ (၉)ပတ်အတွင်း အစီအမံအောင်မြင်ကြတာ များပါတယ်..
 ကိုယ့်ချစ်သူက ရည်းစားတွေ မှိုလိုပေါက်နေသူမျိုး (သို့မဟုတ်) မိမိက ဒီအစီအမံကို အာရုံစူးစိုက်လုပ်မှု အားနည်းသူများဆိုရင်တော့ (၉)လ လောက်လဲ ကြာကောင်း ကြာနိုင်ပါတယ်..

No comments:

Post a Comment