“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 11, 2012

ချစ်သူ(ရည်းစား) အမြန်ဆုံးရရှိဖို့


အပျိုလေးဖြစ်စေ အပျိုကြီးဖြစ်စေ လူပျိုလေးဖြစ်စေ လူပျိုကြီးဖြစ်စေ ချစ်သူ(ရည်းစား) မရှိသေးသူဖြစ်ဖြစ်၊ ချစ်သူ(ရည်းစား) မထား ဖူးသေးလို့ဖြစ်ဖြစ် ချစ်သူ(ရည်းစား) အမြန်ဆုံး ရရှိချင်တယ်ဆိုရင် ဒီအစီအမံကို ဆောင်ရွက်ကြည့်ပါ.
 အဓိကလိုအပ်တဲ့ပစ္စည်းကတော့ သစ်ခွပန်းရဲ့ အရွက်နှစ်ရွက် ဖြစ်ပါတယ်. အရွက်ရဲ့အကျယ်(အနံ)က တစ်လက်မမှ တစ်လက်မခွဲ အတွင်း၊ အရွက်ရဲ့အရှည်(အလျား)က လေးလက်မမှ ခြောက်လက်မခန့်အတွင်း ရှိရင် ပိုကောင်းပါတယ်.
 သစ်ခွရွက် ပထမတစ်ရွက်ပေါ်မှာ ဘောလ်ပင်နဲ့ အညှာဘက်မှ အရွက်ဖျားဘက်ကို “ ချစ်သူ အမြန်ဆုံးရရှိပါစေ”ဆိုတဲ့ စာတမ်းရေး ရမယ်.
 သစ်ခွရွက် ဒုတိယတစ်ရွက်ပေါ်မှာတော့ အရွက်ဖျားမှ အရွက်ညှာဘက်ကို အဲဒီစာတန်း ရေးရမယ်.သစ်ခွရွက်ရဲ့ အပေါ်ဘက်လှည့်တဲ့ မျက်နှာပြင်မှာရေးရပါမယ်.(ပုံမှာ ကြည့်ပါ)
စာရေးပြီးတဲ့ သစ်ခွရွက်နှစ်ရွက်ကို တစ်ရွက်က အညှာ၊ တစ်ရွက်က အဖျား ပြောင်းပြန် အနေအထားနဲ့ စာရေးထားတဲ့ အတွင်းဘက် အချင်းချင်းမျက်နှာချင်းဆိုင် ထပ်ပါ.
 အဲဒီ နှစ်ရွက် ထပ်လျက်ကို ပ၀ါတစ်ထည်နဲ့ ခေါက်ပတ်ပြီး ပိုက်ဆံအိတ်ထဲ ထည့်ထားရပါမယ်. ညဘက် ခေါင်းအုံးအောက်မှာ ထားအိပ်ပြီး နေ့ခင်းဘက်သွားလေရာကို ယူဆောင်သွားနိုင်ပါတယ်.
 နေ့စဉ် နေ့ရောညပါ အချိန်ရတိုင်း မကြာခဏ အဲဒီ အရွက်စုံတွဲ ထည့်ထားတဲ့ ပ၀ါထုပ်ကို ညာလက်နဲ့ ဆုပ်ကိုင်ပြီးမှ အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ-
 “ ချစ်သူ အမြန်ဆုံး ရရှိဖို့ ကူညီပေးပါ”
 ဒီအစီအမံကို ယုံယုံကြည်ကြည်နဲ့ အာရုံစိုက်ပြီးလုပ်ရင် စတင်လုပ်ချိန်မှ (၈)ရက်အတွင်းမှာ ဖြစ်စေ၊ (၈)ပတ်အတွင်းမှာ ဖြစ်စေ ချစ်သူ(ရည်းစား)ရရှိတတ်ပါတယ်.တချို့မှာတော့ (၈)လခန့်ကြာမှ ရတာမျိုးလဲ ရှိပါတယ်.
 သစ်ခွရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့...
 တနင်္လာနေ့ မနက်ပိုင်း (၈)နာရီခွဲမှ (၁၀)နာရီအတွင်းဖြစ်စေ၊ ညပိုင်း (၈)နာရီခွဲမှ (၁၀)နာရီအတွင်းဖြစ်စေ ရေးရပါမယ်.

2 comments:

  1. ကျေးဇူးတင်ပါတယ်ရှင် စမ်းသပ်ကြည့်လိုက်အုံးမယ်

    ReplyDelete
  2. ဟုတ်လို့လား
    စမ်းကြည့်မယ်

    ReplyDelete