“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 11, 2012

မိမိကို ချစ်သူရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးတို့က အမြန်ဆုံး အမြင်ကြည်လင် ချစ်ခင်သဘောကျလက်ခံလာစေဖို့

မိမိအပေါ် မိမိချစ်သူရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးတို့က အမြင်မကြည် သဘောမကျဖြစ်တဲ့အခါမျိုးမှာ ယခုဖော်ပြမယ့် အစီအမံကို လုပ်သင့်တယ်..
 အလားတူ မိမိချစ်သူကို မိမိရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးတို့က အမြင်မကြည်သဘောမကျဖြစ်တာမျိုးဆိုရင်လဲ ဒီအစီအမံကို မိမိချစ်သူက ဆောင်ရွက်နိုင်ပါတယ်..
 အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ စတီးဖလားတစ်လုံးနဲ့ ရေထိရင် မင်မပျက်တဲ့ အပြာရောင် ဆော့ပင်တစ်ချောင်း ဖြစ်ပါတယ်.
 စတီးဖလားရဲ့အတွင်း ဘက် အောက်ခြေမှာ ဆော့ပင် မင်ပြာရောင်နဲ့ မွေးနံကို အတွင်းမိတ်+အပြင်မိတ်အုပ်တဲ့ ဂဏန်းတွေ ရေးရမှာပါ.. အလွယ်တကူရေးနိုင်အောင် ဖော်ပြထားတဲ့ ပုံတွေကို ကြည့်ပါ.. 
ရှင်းလင်းချက်
တနင်္ဂနွေနေ့ဖွားဆိုရင်
“၁”ဂဏန်းကို ပထမစတင်ရေးရမယ်.ထို့နောက်မှ “၆”ဂဏန်းကို “၁”ပေါ်အုပ်ရေးရမယ်.နောက်ဆုံးမှာ “၅”ဂဏန်းကို ရေးရမယ်.
တနင်္လာနေ့ဖွားဆိုရင်
“၂”ဂဏန်းကို ပထမရေး၊ “၈”ဂဏန်းကို ဒုတိယရေး၊ “၄”ဂဏန်းကို နောက်ဆုံးရေးရမယ်.
အင်္ဂါနေ့ဖွားဆိုရင်
“၃”ဂဏန်းကို ပထမရေး၊ “၅”ဂဏန်းကို ဒုတိယရေး၊ “၆”ဂဏန်းကို နောက်ဆုံးရေးရမယ်.

ဗုဒ္ဓဟူးနေ့ဖွားဆိုရင်
“၄”ဂဏန်းကို ပထမရေး၊ “၇”ဂဏန်းကို ဒုတိယရေး၊ “၂”ဂဏန်းကို နောက်ဆုံးရေးရမယ်.
ကြာသပတေးနေ့ဖွားဆိုရင်
“၅”ဂဏန်းကို ပထမရေး၊ “၃”ဂဏန်းကို ဒုတိယရေး၊ “၁”ဂဏန်းကို နောက်ဆုံးရေးရမယ်.
သောကြာနေ့ဖွားဆိုရင်
“၆”ဂဏန်းကို ပထမရေး၊ “၁”ဂဏန်းကို ဒုတိယရေး၊ “၃”ဂဏန်းကို နောက်ဆုံးရေးရမယ်.
စနေနေ့ဖွားဆိုရင်
“၇”ဂဏန်းကို ပထမရေး၊ “၄”ဂဏန်းကို ဒုတိယရေး၊ “၈”ဂဏန်းကို နောက်ဆုံးရေးရမယ်.
ရာဟုဖွားဆိုရင်
“၈”ဂဏန်းကို ပထမရေး၊ “၂”ဂဏန်းကို ဒုတိယရေး၊ “၇”ဂဏန်းကို နောက်ဆုံးရေးရမယ်.
ဖလားထဲမှာ ရေးရမယ့် နေ့ရက်၊ အချိန်ကတော့ သောကြာနေ့ မနက်(၇)နာရီခွဲမှ (၉)နာရီအတွင်း ဖြစ်ရမယ်..
ဂဏန်းတွေရေးပြီးတဲ့ ဖလားထဲကို မနက်တိုင်း မျက်နှာသစ်ရေ အပြည့်ထည့်ပြီး အဲဒီရေဖလားထဲမှာ မိမိရဲ့ ညာလက် ခဏစိမ်ပါ.လက်နဲ့ရေ ထိတွေ့ပြီးအေးသွားတဲ့အထိအတွေ့ကို အာရုံယူပြီး အောက်ပါအတိုင်း နှုတ်က တစ်ခေါက်ရွတ်၊ ထိုရေနဲ့ မျက်နှာ သစ်ပါ..
 “ ဒီရေအေးသလို ကျွန်ုပ်စိတ် အေးချမ်းပါစေ၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာ အဆင်ပြေကံကောင်းပြီး လိုရာဆန္ဒ အမြန်ဆုံးပြည့်ဝ၍ ကျွန်ုပ်ချစ်သူရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးများရဲ့ အမြင်ကြည်လင် ချစ်ခင်သဘောကျခြင်းကို အမြန်ဆုံး ခံယူရပါစေ။
 ကျွန်ုပ်စိတ် အေးချမ်းရသလို ကျွန်ုပ်ချစ်သူ(----)ရဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးများလဲ စိတ်အေးချမ်းကြပါစေ၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာ အဆင်ပြေ ကံကောင်းကြပြီး လိုရာဆန္ဒ အမြန်ဆုံးပြည့်ဝ၍ ကျွန်ုပ်(---)အပေါ် အမြန်ဆုံ အမြင်ကြည်လင် ချစ်ခင်ရင်းနှီး သဘောကျ လက်ခံလာပါစေ
မှတ်ချက်။ ကျွန်ုပ်ဆိုတဲ့ နာမ်စားနေရာမှာ မိမိရဲ့နာမည်ကိုပါ တွဲထည့် ရွတ်ဆိုနိုင်ပါတယ်..ကျွန်ုပ်ချစ်သူ(---)ရဲ့ဆိုတဲ့နေရာမှာ ချစ်သူရဲ့ နာမည်ကို ထည့်ရွတ်နိုင်ပါတယ်..ကျွန်ုပ်(---)ဆိုတဲ့ နာမည်မှာလဲ ထည့်ရွတ်နိုင်ပါတယ်..
 အာရုံစူးစိုက်မှုအားကောင်းရင် အားကောင်းသလို (၈)ရက်မှ (၈)ပတ်အတွင်း ဒီအစီအမံ အောင်မြင်တတ်ပါတယ်.(နေ့စဉ် မနက်တိုင်း အဲဒီဖလားနဲ့ အဲဒီလို မျက်နှာသစ်ရပါမယ်.)
မရှင်းလင်းပါက akmyint.kooo@gmail.com ကို မေးမြန်းနိုင်ပါတယ်.ဖတ်မိမှတ်မိသလောက် ယတြာများကိုလည်း မျှဝေပေးနေပါတယ်ခင်ဗျ..အကျယ်ချဲ့မေးမြန်းလိုပါက gtalk ဖြင့်မမေးဘဲ mail နဲ့ပို့ မေးမြန်းဖို့ မေတ္တာရပ်ခံပါတယ်.
သူငယ်ချင်းများအားလုံး လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ..
ဝန်ခံချက်..ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)ရေးသားသော အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်.

No comments:

Post a Comment