“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 11, 2012

မိမိချစ်သူနဲ့ အမြန်ဆုံးစေ့စပ်ရဖို့၊ မိမိချစ်သူနဲ့ အမြန်ဆုံး လက်ထပ်ရဖို့၊ စေ့စပ်ထားသူနဲ့ အမြန်ဆုံး လက်ထပ်ရဖို့

အမြန်ဆုံး စေ့စပ်၊ လက်ထပ်၊ ပေါင်းသင်းရဖို့ကိစ္စအတွက်ဆိုရင် ဒီအစီအမံကို ဆောင်ရွက်နိုင်ပါတယ်..ဒီအစီအမံအတွက် အဓိက လိုအပ်မယ့် ပစ္စည်းကတော့ ခရေရွက် (၂)ရွက်သာ ဖြစ်ပါတယ်.
 ပထမတစ်ရွက်ပေါ်မှာ အညှာဘက်မှ အဖျားဘက်ကို ပုံမှာပြထားတဲ့အတိုင်း အနီရောင်(သို့မဟုတ်)ပန်းရောင်ဘောလ်ပင်နဲ့ စာတန်းရေးပါ.. ဒုတိယတစ်ရွက်မှာတော့ အဖျားဘက်မှ အညှာဘက်ကို စာရေးပါ..
 ပထမတစ်ရွက်ကို ရေးတဲ့အခါ အမျိုးသားနာမည်ကို ထိပ်မှာထားပြီးရေးရမယ်..ဒုတိယတစ်ရွက်ကို ရေးတဲ့အခါ အမျိုးသမီးနာမည်ကို ထိပ်မှာ ထားပြီးရေးရမယ်.(ဥပမာ ကိုကျော်စွာနဲ့ မခင်စိန်တို့ အမြန်ဆုံး လက်ထပ်ရဖို့အတွက် စာရေးပုံကို ကြည့်ပါ။)
ခရေရွက်တွေရဲ့ အတွင်းဘက်မျက်နှာပြင်မှာ ရေးရမယ်..စာရေးပြီးရင် အရွက်နှစ်ရွက်ကို တစ်ရွက်ကအဖျား၊ တစ်ရွက်က
အညှာ ပြောင်းပြန် မျက်နှာချင်းအပ်လျက် ထပ်လိုက်ပါ..အဲဒီအရွက်ထပ်လျက်ကို မိမိသုံးနေကျ လက်ကိုင်ပ၀ါရှိရင် အဲဒီလက်ကိုင်ပ၀ါရဲ့ အခေါက်ကြားမှာ အသာအယာထည့်ပြီး ပိုက်ဆံအိတ်ထဲ ထည့်ထားပါ..ဒါမှမဟုတ် ခေါင်းအုံးအောက်မှာ ထည့်ထားပါ..ပ၀ါမရှိရင် ပ၀ါသစ်ဝယ်ပြီး သုံးနိုင်ပါတယ်..
 နေ့စဉ် နေ့ရောညပါ ဘယ်အချိန်မဆို တစ်နေ့ လေး၊ငါး၊ဆယ်ကြိမ်လောက် အချိန်ရတိုင်း မကြာမဏ အဲဒီသစ်ရွက် စုံတွဲထည့်ထားတဲ့ ပ၀ါခေါက်ကို ထုတ်ယူ၊ ညာလက်နဲ့ကိုင်ပြိး မိမိသစ်ရွက်အတွင်းမှာ ရေးထားတဲ့ စာသားအတိုင်း နှုတ်က (၂)ခေါက်ရွတ်ဆို ဆုတောင်းရမယ်..
 ခရေရွက် (၂)ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်အချိန်ကတော့ အင်္ဂါနေ့ နေ့ခင်း (၁၀)နာရီခွဲမှ (၁၂)နာရီအတွင်း ဖြစ်ပါတယ်..
 ဒီအစီအရင်ကို စတင်လုပ်ပြီး (၁၀)ပတ်အတွင်း အောင်မြင်တတ်ပါတယ်.
မရှင်းသော အချက်များရှိပါက  akmyint.kooo@gmail.com ကို မေးမြန်နိုင်ပါတယ်ခင်ဗျ..
ဝန်ခံချက်။  ။ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်..

No comments:

Post a Comment