“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, January 13, 2012

မနက်ဖြန်မှ

တစ်ခါက ဦးကြီးတစ်ယောက်ဟာ ဘုရားဖူးဖို့. မြို့ကိုတက်လာသတဲ့.
ဘုရားဖူးပြီးတဲ့အခါ ထမင်းဆာတာနဲ့ ထမင်းဆိုင်တစ်ဆိုင်ထဲ ၀င်သွားတယ်..
“ ကမ္ဘာရှား . ထမင်းဆိုင် ”
ပြီးတော့-
““ ဟေ့. မောင်ရင်. ထမင်းတစ်ပွဲဘယ်လောက်လဲ
“ တစ်ရာ ”
““ ဒါဆို..အ၀စား ဘယ်လောက်လဲ ””
“ နှစ်ရာ ”
““ အေး.အေး.. အ၀ စားပွဲပြင်လိုက် ””
ထမင်းပွဲရောက်လာတဲ့အခါ ဆာဆာနဲ့တအားကျုံးစားတော့သတဲ့..
စားကောင်းကောင်းနဲ့စားလိုက်တာ ဘေးမှာ ပန်းကန်တွေတစ်ထပ်ကြီးဖြစ်နေတော့တယ်..
ထမင်းဆိုင်က လူတွေ အံ့သြလန့်ဖျပ်ကုန်သတဲ့..
“ ဟိုက် !! စားလှချည်လား ”
နောက်ဆုံးတော့ မဖြစ်ချေဘူးဆိုပြီး.......
“ ဘကြီး..ထမင်းတွေ.ဟင်းတွေကုန်သွားပါပြီ ”
“ ဟောဒီမှာ ထမင်းအိုး ဟင်းအိုးတွေ ”
ဒီအခါ ဦးကြီးက.
““ အေး .. ဒါဆိုလည်း နောက်နေ့မှ လာပြီးဆက်စားမယ်ကွယ် ””

No comments:

Post a Comment