“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, May 3, 2014

အမျိုးသားများ ၀တ်ရန် သီးသန့် ဘရာစီယာ ထုတ်လုပ်၊ ၀တ်ဆင်ရတာ အရသာ အလွန်ကောင်းကြောင်းဆို

ဂျပန် ကုမ္ပဏီ တစ်ခု ဟာ အမျိုး သား တွေဝတ်ဆင် ဖို့ ဘရာ စီယာ နဲ့ အ တွင်း ခံ ဘောင်း
ဘီ တွေ သီးသန့် ထုတ် လုပ် လိုက် တာမို့အငြင်းပွား ဖွယ် ရာဖြစ်ခဲ့ ကြောင်း သိရပါ တယ်။ အမျိုး သား တွေဝတ်ဆင်ဖို့ ထုတ်လုပ် လိုက် တဲ့ ဘရာစီယာ နဲ့ အတွင်းခံ ဘောင်းဘီ ဟာ အမျိုး သမီး တွေ ၀တ်ဆင် တဲ့ ဒီဇိုင်း ပုံစံအတိုင်း ပြုလုပ် ထား တာ ဖြစ်ပါ တယ်။

 ဒီပစ္စည်း ကို Wish Room ကုမ္ပဏီ က စတင် မိတ် ဆက် ရောင်းချ ခြင်းဖြစ် ပြီး ဂျပန် နိုင်ငံ က စတိုး ဆိုင် တွေ မှာ ၀ယ် ယူ ရရှိ နိုင် မှာ ဖြစ် ပြီး၊ ဘရာ စီယာ နဲ့ အ တွင်း ခံဘောင်း ဘီ တစ်စုံ ရဲ့ တန်ဖိုး က ပေါင် (၁၁ ဒသမ ၅၀) က နေ ပေါင် (၁၈) အ ထိ ရှိ မှာ ဖြစ် ပါ တယ်။ အမျိုးသား တွေ ဘရာ စီယာ ၀တ် ဆင် တာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ် ပေမယ့် အမျိုး သမီး တွေ လို ထူး ခြား တဲ့ အတွေ့ အကြုံ ရ စေဖို့ ထုတ်လုပ် ခဲ့ခြင်း ဖြစ် ပါ တယ်။

ဒီ ကုမ္ပဏီ ဟာ ၂၀၀၈ မှာ အမျိုး သား အတွင်း ခံ ဘောင်း ဘီ တွေ ထုတ် လုပ် ခဲ့ပြီး အမျိုး သမီး အတွင်း ခံ ဘောင်း ဘီ တွေ ကို လည်း ရောင်း ချ ခဲ့ ဖူးတယ်လို့ သိရပါ တယ်။ Wish Room ကုမ္ပဏီ ရဲ့ တာဝန် ရှိသူ တစ်ဦး က ဘရာ စီယာ ၀တ် ဆင် ထား တဲ့ ခံစား မှု မျိုး က ဘယ် အရာ နဲ့မှ မတူ ကြောင်း၊ ဒီ အရသာ ဟာ အလွန် ကောင်း ကြောင်း ပြော ကြား သွား ခဲ့ ပါ တယ်။ အ မျိုး သား တွေ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ဘရာ စီယာ အပေါ် စိတ်ဝင် စား မှု ပိုမို လာ လိမ့် မယ် လို့ ကုမ္ပဏီ က မျှော်လင့် ထား ပါ တယ်။

The Messenger

No comments:

Post a Comment