“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, October 30, 2013

“နာဖျားနေတဲ့ ဥသြနာရီ”(ဟာသ)

Photo: “နာဖျားနေတဲ့ ဥသြနာရီ”

တစ်ည…
ကိုကျေးညိုတစ်ယောက် ညဉ့်အတော်နက်မှ အရက်မူးပြီးအိမ်ပြန်လာတယ်။
သော့ဖွင့်ပြီး အိမ်ထဲအဝင်၊ မနက် ၃ နာရီ ရှိနေပြီဆိုတော့ နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီထဲက ဥသြငှက်ရုပ်လေးက “ဥသြ… ဥသြ… ဥသြ” လို့ သုံးကြိမ်တွန်တယ်
တောက်… ဒီနာရီသံနဲ့တော့ ဒုက္ခပါပဲ… 
မနက် ၃ နာရီမှ ပြန်လာတာကို မိန်းမသိရင် ပြသနာရှာတော့မယ်
ဒါနဲ့ ကိုကျေးညိုပါးစပ်က နောက်ထပ် ဥသြတွန်သံ ၈ ချက်ကို ကမန်းကတမ်း လိုက်တွန်လိုက်ရတယ်
၃+၈ = ၁၁ ပေါ့လေ 
ဘာရမလဲ  ကျေးညို အမူးပါး ပါ
သူ့လုပ်ရပ်ကို သူသဘောကျသွားပြီး ကိုကျေးညိုလည်း အိပ်ရာဝင်သွားတယ်။

နောက်နေ့မနက်ရောက်တော့… … 

“ရှင် ညက ဘယ်အချိန်ပြန်လာသလဲ” လို့ သူ့မိန်းမက မေးတယ်
 “၁၁ နာရီလေ မိန်းမရဲ့” လို့ ပြန်ဖြေလိုက်တယ်။ ခပ်တည်တည်ပဲ။

ဒီတော့ သူ့မိန်းမက ဆက်ပြောတယ်… …

“ကျမတို့ရဲ့ တိုင်ကပ်နာရီကြီးထဲက ဥသြလေးတော့ တခုခုဖြစ်နေပြီထင်တယ် ကိုကျေးညို”

“ဘာလို့လဲကွ”

“ညက ၁၁ နာရီထိုးတော့… ပထမ ဥသြဥသြလို့ သုံးခါတွန်တယ်၊ ပြီးတော့ တောက်တစ်ချက်ခေါက်တယ်၊ တခါ ဥသြ လေးခါတွန်တယ် အီးတချက်ပေါက်တယ်၊ တခါ ဥသြနှစ်ခါထပ်တွန်ပြီး ချောင်းတစ်ချက်ဆိုးတယ်၊ နောက်ဆုံး ဥသြနှစ်ခါလည်းတွန်ပြီးရော ဟိဟိလို့ ရီတယ် ရှင့်”

“ဟင်ငင်..ငင်”

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:

Post a Comment