“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, December 16, 2013

"ဆေးဆရာ"

Photo: "ဆေးဆရာ"

ကလေးသုံးယောက် စကားပြောနေကြရင်း၊ သူတို့ရွာက ဆေးဆရာတွေ ဘယ်လောက်တော်ကြောင်း အပြိုင်ကြွားနေကြတယ်... ...

ပထမကလေးကပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အရမ်းတော်တာကွ"
"ဘယ်လို တော်တာလဲ"
"ခြေတွေလက်တွေ ပြတ်ရင် သူ့ဆီသွား၊ ကော်နဲ့ ကောက်ကပ်ပေးလိုက်တာ အကောင်းအတိုင်း ပြန်ဖြစ်ရော" 

ဒုတိယတစ်ယောက်ကပြောတယ်... ...
""ငါတို့ရွာက ဆေးဆရာက ပိုတော်တာပေါ့ကွ"
"ဘယ်လို တော်တာလဲ"
"တခါက ခေါင်းပြတ်သွားတဲ့လူတစ်ယောက်ကို မုံညင်းဆီလေးလိမ်းပြီး ပြန်ဆက်ပေးလိုက်တာ ခုထိ အသက်ရှင်တုန်း"

တတိယတစ်ယောက် ပြောတယ်... ...
"ငါတို့ရွာက ဆေးဆရာက အတော်ဆုံးကွ"
"ပြောပါအုံး"
"င့ါဘကြီးတစ်ယောက် သစ်ပင်ပိလို့ အောက်ပိုင်းကြေသွားတယ်၊ ကြေနေတဲ့ အောက်ပိုင်းနေရာမှာ ဆိတ်ရဲ့အောက်ပိုင်းနဲ့ အစားထိုးပြီး ပြန်ဆက်ပေးလိုက်တယ်လေ"
"ဟင်... အဲဒါ အဆင်ပြေရဲ့လားကွ"
"ပြေပ့ါ၊ ခုဆို မနက်တိုင်း ငါ့ဘကြီးကို ညှစ်တာ  နို့နှစ်ပုလင်း ရတယ်"
"အမ်..."

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

No comments:

Post a Comment