“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, December 6, 2013

ကြွက်သားတွေ သန်မာစေဖို့ ဒါတွေစားပါ

Photo: ကြွက်သားတွေ သန်မာစေဖို့ ဒါတွေစားပါ

ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ထဲမှာ ကြွက်သားတွေ  ကလည်း အဓိကကျ လှပါတယ်။ လူအ များစု လေ့ကျင့်ခန်းပြု လုပ်ရာမှာ ကိုယ်အ လေးချိန်ကျစေဖို့ အတွက် ပြုလုပ်ကြပေ မယ့် ကြွက်သားသန်မာစေဖို့ ကိုတော့ မေ့နေတတ် ပါတယ်။ ကြွက်သားတွေ သန် မာစေဖို့ အစားအစာတွေ ကလည်း ကူညီ ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးကို စားပေးပါ။ ပရိုတင်း ဓာတ်ကြွယ်ဝပြီး ဗီတာမင် အေ၊ အီးနဲ့ ဒီတွေ ပါဝင်ပါတယ်။
ဟင်းနုနယ်ရွက်ဟာ ကြွက်သားတွေကို အကောင်း ဆုံးထောက် ပံ့ပေးနိုင်တဲ့ အစိမ်းရောင် အရွက်ပဲဖြစ်ပါ တယ်။ ငါးကြီးဆီနဲ့ အိုမီဂါသရီး၊ အုတ်ဂျုံနဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့အစား အစာတွေကို စားပေးပါ။ အစေ့ အဆန်တွေမှာ အမျှင် ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အိုမီဂါသရီးတွေ ပါဝင်တာကြောင့် သရေစာအဖြစ် စား ပေးလို့ရ ပါတယ်။ မြေပဲစေ့မှာ အသား ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် အီး၊ သွပ်ဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ Polyunsaturated Fats တွေပါဝင်ပြီး သင့် ကြွက်သားဖွံ့ဖြိုးမှုကို အထောက်အ ကူပြုပါ တယ်။ အနီရောင်အသား၊ ပန်း ဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ လက်ဖက်စိမ်းလက် ဖက်ရည်စတာတွေကို မှီဝဲပေးပါ။  

BY GOOD HEALTH

No comments:

Post a Comment