ဆေးလိပ်ထဲမှာ နီကိုတင်းလို့ ခေါ်တဲ့ အလွန်စွဲလမ်းစေပြီး လွန်စွာအန္တရာယ်များတဲ့ ဓာတ်ပစ္စည်းအပြင်၊ လူသားတွေရဲ့ ကျန်းမာ ရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေထဲ့သွင်းထားတာကြောင့်
ဆေးလိပ်သောက်သုံးသူရော၊ တဆင့်ခံစီးကရက်မီးခိုး ငွေ့ ရှုရှိုက်သူတွေပါမြောက်များစွာသော ကျမ္မာရေးဘေးထွက်ဆိုးကျိုးတွေဖြစ်စေကြောင်းကျမ္မာရေးသုတေသီတွေက မကြာ ခဏဆိုသလို အသိပညာပေးနှိုးဆော်ပေးလျှက်ရှိပါတယ်။
ဆေးလိပ်သောက်သုံးသူရော၊ တဆင့်ခံစီးကရက်မီးခိုး ငွေ့ ရှုရှိုက်သူတွေပါမြောက်များစွာသော ကျမ္မာရေးဘေးထွက်ဆိုးကျိုးတွေဖြစ်စေကြောင်းကျမ္မာရေးသုတေသီတွေက မကြာ ခဏဆိုသလို အသိပညာပေးနှိုးဆော်ပေးလျှက်ရှိပါတယ်။
ဆေးလိပ်ရဲ့ ဆိုးပြစ်တွေကိုသိလို့  ဆေးလိပ်ဖြတ်ချင်ပေမယ့်၊ စိတ်ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ဖို့ ခဲယဉ်းတာမို့ အချို့ သူတွေမှာခဏတာမျှသာဆေးလိပ်ပြတ်ကြပြီး၊ အချို့ ကလည်း လုံးဝဖြတ်မရဖြစ် နေကြပါတယ်။
မည်သူမျှ မွေးကတည်းက ဆေးလိပ်မသောက်တတ်ကြပါဘူး။ အဓိကအချက်ကတော့
မချိုးနှိမ်နိုင်တဲ့စိတ်ကို မိမိစိတ်နဲ့ ဘဲ အနိုင်ယူရမှာဖြစ်လို့ 
စိတ်ဓာတ်စစ်ဆင်ရေးကိုသုံးပြီးတော့ အောက်ပါနည်းလမ်း (၉)သွယ်ဖြင့်
ကြိုးစားကြည့်စေလို ပါတယ်။
(၁) (အချိန်ဆွဲပါ) ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာတဲ့အခါ၊သောက်ချင်စိတ်ကိုချိုးနှိမ်ပြီး ၁၀-မိနစ်လောက်အောင့်ထားပါ။ အဲဒီ၁၀-မိနစ်အတွင်း အာရုံပြောင်းသွားအောင် တခုခုကိုစိတ်နှစ်ထားပါ။
၁၀-မိနစ်ပြည့်တဲ့အခါ သြော်…ငါနေနိုင်သားဘဲဆိုပြီး၊ ဆေး လိပ်မသောက်ပါနဲ့ ၊နောက်ထပ် ၁၀-မိနစ် အချိန်ထပ်ဆွဲပါ။
(၂) (နောက်ထပ်တစ်လိပ်ထဲပါကွာ မလုပ်မိပါစေနဲ့ ) ဆေးလိပ်သောက်တဲ့ ပမာဏကို
တဖြည်းဖြည်းချင်းလျော့ပါ။ တစ်လိပ် သောက်ပြီးတဲ့အခါ၊နောက်ထပ်တစ်လိပ်ထဲပါကွာဆိုပြီး မိမိကိုယ်ကိုအလိုမလိုက်ပါနဲ့ ။ခါတိုင်းဆေးလိပ်သောက်ဖက် မိတ်ဆွေ တွေက သင့်ကိုဆေးလိပ်ကမ်းလာခဲ့ ရင်လည်းအားနာရှက်ရွံ့ ခြင်းဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း
ပွင့်ပွင့် လင်းလင်းပြောပြပါ။
(၃) (ကိုယ်လက်လှုပ်ရှားမှု တခုခုထလုပ်လိုက်ပါဦး) ဆေးလိပ်သောက်ချိန်မှာမသောက်ရလို့ စိတ်ထဲ တခုခုလိုနေရင်၊ ငြိမ်ထိုင် မနေဘဲ၊ ခေတ္တခဏ၁၅-မိနစ်လောက်လမ်းထလျှောက်ပါ။ (သို့ မဟုတ်) အလုပ်တစ်ခုခုရှာလုပ်နေပါ။
(၄) (လေ့ကျင့်ခဏ်းယူပါ) အသက်ပြင်းပြင်းရှုခြင်း၊ ကြွက်သားလေ့ကျင့်ခဏ်း၊ယောဂ၊ အိပ်မွေ့ ချခြင်း၊ အနှိပ်ခံခြင်း စသည်တို့ ကဆေးလိပ်သောက်ချင်တဲ့စိတ်ကို ပြေပျောက်သွားအောင် တစ်ဖက်တစ်လမ်းက
ကူညီပေးပါတယ်။
(၅) (ဆေးလိပ်ဖြတ်ခြင်းရဲ့  ကျမ္မာရေးကောင်းကျိုးကို အမြဲသတိယနေပေးပါ)
သင်ဆေးလိပ်သောက်တတ်အောင် ဘယ်သူမှ သင်ပေးခြင်းမဟုတ်ပါ။ မိမိသာလျှင်ဆရာ၊
မိမိသာလျှင်တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲနေခဲ့ပြီဖြစ်ရာ၊ဆေးလိပ်ဖြတ်တဲ့ စဦးပိုင်း ကာလေတွေမှာ ကသိကအောင့်၊စိတ်အလိုမကျဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ခြင်းကြောင့် ကျမ္မာ
ရေးဆေးကျိုးများ၊ ငွေကိုမီးရှို့ နေခြင်း၊ မိမိပတ်ဝန်းကျင်လေထုညစ်ညမ်း၍ တဆင့်ခံဆေးလိပ် ရနံ့ ရှုရှိုက်နေသူများ အတွက် ပရဟိတစိတ်စတဲ့ကောင်းကျိုးအထွေထွေကို စဉ်းစားသုံးသပ်ပါ။
(၆) (ဘ၀တူချင်းမိတ်ဖွဲ့ ပါ) မိမိလိုဘဲ ဆေးလိပ်ဖြတ်သူတွေနဲ့ မိတ်ဖွဲ့ ပြီး သူတို့ ရောဘယ်လိုကြိုးစား နေတယ်ဆိုတာ နည်းနာ ယူပါ။ မိမိရဲ့ကြိုးစားမှုကိုလည်းတဆင့် မျှဝေပေးပါ။ ဆေးလိပ်ပြတ်သွားပြီးသူတွေရဲ့ နည်းစံနစ်ကို မေးမြန်ဖို့ ဝန်မလေးပါနဲ့ ။ သူတို့ ရဲ့ အတွေ့ အကြုံကသင့်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
(၇) (နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ) လ္ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးပူပူ၊ပူရှိန်းဓာတ်ပါတဲ့ ပီကေ/သကြားလုံးများ၊ ပူရှိန်းငုံ ဆေးပြားတို့ ကဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ၊ ခံတွင်းချဉ်ခြင်းမှ သက်သာစေပါတယ်။နီကိုတင်းအစားထိုး ရှုဆေး တောင့်သုံးပါ။ ဆေးလိပ်ဖြတ်ခြင်းကို
အထောက်အကူပြုတဲ့ bupropion (Zyban) နှင့် varenicline (Chantix)စသောဆေးဝါး များ မှီဝဲသောက်သုံးပါ။
(၈) (အာသာပြေ တခုခုစားပါ) စိတ်သက်သာရာရအောင် သကြား(အချို)ဓာတ်မပါတဲ့
ပီကေ၀ါးပါ။ ပဲကြီးလှော်၊ နေကြာ စေ့ လှော် တို့ စားပါ။
(၉) (မိမိကိုယ်ကိုယုံကြည်မှုရှိနေပါစေ) ဆေးလိပ်ဖြတ်လိုက်တဲ့အတွက်အပိုငွေမကုန်တော့ဘဲ၊ အဲဒီငွေကိုစုနိုင်သလို အလှူဒါနပြု ရာမှာသုံးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာခံအာရုံတွေပိုကောင်းသွားပါတယ်။ သွား၊ နှုတ်ခမ်းများလည်း မည်းမနေတော့ဘဲ၊
နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ ဆိုးတွေပါပျောက်ကင်းသွားပါတယ်။ အရေးကြီးတဲ့ အချက်ရှိပါ သေးတယ်။ အဲဒါကတော့ဆေးလိပ်စွဲနေတဲ့ အကျင့်ကိုဖြတ်နိုင်တာကြောင့်
မိမိကိုယ်မိမိယုံကြည်မှုပိုရှိလာပါတယ်။
+++++++++++
ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားရောဂါ၊ မျက်စိတိမ်စွဲရောဂါ၊အကြားအာရုံချို့ တဲ့ရောဂါ၊ သွားပိုးစား သွားပုပ်ရောဂါ နဲ့ ခံတွင်းရနံ့ဆိုးရွားခြင်း၊ အဆုပ်လေအိတ်တွေမှာ လေခိုပြီးပွပျက်ရောဂါ နဲ့အသက်ရှုမ၀ခြင်း၊ အရိုးပွ/အရိုးပါးရောဂါနဲ့  အရိုး ကျိုးလွယ်ခြင်း၊နှလုံးသွေးကြောရောဂါများနဲ့  နှလုံးခုန်မမှန်ခြင်း၊
သွေးကြောငယ်များကျဉ်းသွားကာ ခြေပုတ်လက်ပုတ်ရောဂါ၊ သွေးတိုးရောဂါ၊အစာအိမ်မှာ အစာခြေရည်အက်စစ်အထွက် များလားခြင်း၊ အမျိုးသားများသုက်ရည်မအောင်တော့ဘဲ သား သမီးမရနိုင်ခြင်း၊အိမ်ထောင်ရေးသုအပြည့်အ၀မခံစားနိုင်ခြင်း၊ DNA ပျက်စီးစေခြင်း၊အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ နဲ့  သားလျှောသားပျက်ခြင်း၊လမစေ့/ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊
ကလေးအသေမွေးခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ဆေးလိပ်ထဲမှာ Carcinogenလို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ခြင်းကြောင့်အဆုပ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်း၊အစာမြိုပြွန်၊ အူ၊ ရင်သား၊ ကျောက်ကပ်၊ ပန်ကရိယ၊ ဆီးအိတ် စသည့်ကင်ဆာများ
အပြင် နှင့် အချို့ သူတွေမှာ သွေးကင်ဆာဖြစ်လာစေပါတယ်။ ဒါတင်မကသေးပါဘူး။ဆေးလိပ်သောက်သူ ရဲ့  ရုပ်ရည်ဟာ မသောက်သူနဲ့ ယှဉ်လိုက်ရင် ပိုပြီးအိုစာကာ၊အသားအရေတွေညစ်ပြီး၊ အကြိုအရေပြားဇရာဖြစ်တဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။
ဆေးလိပ်သောက်သူတွေမှာ အိပ်မရခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းတွေ ပိုမိုဖြစ်ပွားစေနိုင်ပြီးတော့ ဆေးလိပ်တစ်လိပ်သောက်လျှင် ငါးမိနစ် အသက်တိုစေကာ၊ ပျှမ်းမျှသက်တမ်း အသက်၁၀-နှစ်ပိုတိုသွားတယ်လို့  ဆေးသုတေသီတွေကဆိုပါတယ်။ နောက်ပြီး ဆေးလိပ်သောက်သူလူငယ်များ စာသင်ကြားမှုကို ထိခိုက်စေနိုင်ပြီး၊အမောမခံနိုင် သက်လုံချို့ ယွင်းလာစေတာကြောင့် လူကြီး-လူရွယ်-လူငယ်အားလုံးဆေးလိပ်ဖြတ်သင့်ပါကြောင်း။
(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း how to resist tobacco cravings by By Mayo Clinic staff)
ကျန်းမာရေးစာတိုများစုစည်းမှု
No comments:
Post a Comment