“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 2, 2013

အလွယ်တကူ ဝယ်ယူ နိုင်သော ဆေးဝါးများ အန္တရာယ်

အလွယ်တကူ ဝယ်ယူ နိုင်သော ဆေးဝါးများ အန္တရာယ်

လူသားတို့၏ ခန္ဓာကိုယ်သည်  အကြောင်း အမျိုးမျိုး တွေကြောင့်  ရောဂါဘယ ဖြစ်မှုများ ရှိလာ တတ်ပါတယ်။
ထိုအခါ အဲဒီ ရောဂါတွေ သက်သာ စေရေး အတွက် ဆေးရုံ၊ ဆေးခန်းတွင် ပြသ ကြသလို သာမန် လူတန်းစား အတော်များများ ကတော့ ရပ်ကွက် အတွင်းရှိ ဈေးဆိုင်တွေမှာ ရနိုင်တဲ့ အိမ်သုံး ဆေးဝါး များကိုသာ ကိုယ့်ဘာသာ ဝယ်ယူ သောက်သုံးကြတာ များပါတယ်။အသက်အရွယ် ရလာသော လူကြီး ၁ဝ ယောက်မှာ ရှစ်ယောက် လောက်ဟာ နေ့စဉ် ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုသော ဆေးဝါးများကို သောက်သုံး နေရကြောင်း တွေ့ရှိ နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နှင့် သောက်သူတွေမှာ မသိသာ ပေမယ့် နီးစပ်ရာ ဆိုင်တွေမှာ ကိုယ့်အစီ အစဉ်နဲ့ကိုယ် ဝယ်သောက် ကြသူတွေ မှာတော့ ဆေးများ၏ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရ တာမျိုး တွေရှိ နေကြောင်း ကြားသိ နေရပါတယ်။ ကျေးလက်နေ လူအများစုဟာ ရောဂါေ ဝဒနာ တစ်ခုခု ဖြစ်လာပြီဆိုရင် ဆေးရုံ ဆေးခန်းမှာ ပသလျှင် ကုန်ကျမည့် ကုန်ကျ စရိတ်ကို ကြောက်လန့်ပြီး ကြားဖူးနားဝ ဆေးအမည် တွေကို ဆေးရောင်းသည့် ဆိုင်များတွင် ပြောဆို ဝယ်ယူကာ သောက်သုံး တတ်ကြကြောင်း သိရှိ ရပါတယ်။ ရောဂါကြောင့် ဆေးတစ်ခု သောက်ရ တော့မယ် ဆိုရင် ဒီဆေးကြောင့်ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်၊ ဘယ်လို ဘေးထွက် ဆိုးကျိုးတွေ ရနိုင်မယ်၊ ဘယ်လောက် ကြာအောင် သောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ် သောက်ရမယ် ဆိုတာတွေကို နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြသ မေးမြန်းပြီး တော့မှသာ သောက်သုံး သင့်ပါတယ်။ ဆရာဝန် မှာကြားတဲ့ အတိုင်း သောက်မယ် ဆိုရင်တောင် အလင်းရောင် သိပ်မရတဲ့ နေရာတွေမှာ ဆေးမသောက် သင့်ပါဘူး။ အလင်းရောင် ကောင်းစွာ ရနိုင်တဲ့ နေရာမျိုးမှာ ဆေးကို သုံးသင့်တဲ့ အခြေအနေမျိုး ဟုတ်၊မဟုတ်၊ သက်တမ်း ကုန်ဆုံးခြင်း ရှိ၊မရှိ သေချာစွာ ကြည့်ရှုပြီးမှ သောက်သုံး သင့်ပါတယ်။ နေ့စဉ် သောက်နေကျ ဆေးတွေကိုတောင် မသောက်ခင်မှာ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးပြီးမှ  သောက်သင့် ပါတယ်။ မိမိ ခံစားနေရတဲ့ ရောဂါ ဝေဒနာကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသမှု မရှိဘဲ ကိုယ့် ဘာသာ ဝယ်သောက်တဲ့  ဆေးတွေကြောင့် ကြုံလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ရက်အနည်းငယ် အတွင်းမှာ သက်သာ သွားနိုင်ပေမယ့် အချို့ ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုး တွေကတော့ ကာလ အတန်ကြာမှ ပေါ်လာတတ်ပြီး ပြင်းထန် တတ်ပါတယ်။ ဒါ့အပြင် အခြား ဆိုးရွားတဲ့ အချက် တစ်ချက် ကတော့ မိမိကို ဆရာဝန် ညွှန်ကြား  ထားတဲ့ ဆေးသောက်နေစဉ် သတ်မှတ် ပေးထားသော ဆေးမကုန်မီ မှာပဲ တခြား သူတွေက ပိုကောင်းတယ် သောက်ကြည့်လို့ တိုက်တွန်းတာကြောင့် တခြား ဆေးကိုပါ တွဲပြီး သောက်သုံး တတ်ကြ ပါတယ်။အဲဒီလို မသောက်ခင်မှာ နားလည် တတ်ကျွမ်းတဲ့သူ တွေ ကို သေချာစွာ မေးမြန်းပြီးမှ သောက်သင့် ပါတယ်။ ဒါ့အပြင် တိုင်းရင်း ဆေးတွေ၊ သဘာဝ သစ်ပင်တွေက ရတဲ့ ဆေးတွေဟာလည်း ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဓာတ်ပြုမှုတွေ လျင်မြန် စွာ ဖြစ်နိုင်လို့ ဆေးတစ်မျိုး သောက်ရန် ညွှန်ကြား ထားသည့်ရက် မကုန်မီ တွဲဖက် မသောက်သုံး သင့်ပါဘူး။  ထို့ကြောင့် ကျေးလက်နေ ပြည်သူများ အနေဖြင့် ရောဂါ ဝေဒနာ တစ်ခု ဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးမှူး၊ ဆရာဝန် တွေကို ပြသပြီးမှ ဆေးကို ညွှန်ကြားတဲ့ အတိုင်း သောက်သုံး ကြရန်နှင့် ကိုယ့်စိတ်ကူးနှင့် ကိုယ် ဆေးစပ်ကာ ဝယ်ယူ သောက်သုံးခြင်း မပြုလုပ် မိစေဖို့ အသိပေး ရေးသား တင်ပြ လိုက်ရ ပါသည်။        

ဆောင်းပါးရှင်-  ထွန်းမင်းဇော် (ခိုလမ်)
From_Myawaddy Health
လူသားတို့၏ ခန္ဓာကိုယ်သည် အကြောင်း အမျိုးမျိုး တွေကြောင့် ရောဂါဘယ ဖြစ်မှုများ ရှိလာ တတ်ပါတယ်။
ထိုအခါ အဲဒီ ရောဂါတွေ သက်သာ စေရေး အတွက် ဆေးရုံ၊ ဆေးခန်းတွင် ပြသ ကြသလို သာမန် လူတန်းစား အတော်များများ ကတော့ ရပ်ကွက် အတွင်းရှိ ဈေးဆိုင်တွေမှာ ရနိုင်တဲ့ အိမ်သုံး ဆေးဝါး များကိုသာ ကိုယ့်ဘာသာ ဝယ်ယူ သောက်သုံးကြတာ များပါတယ်။အသက်အရွယ် ရလာသော လူကြီး ၁ဝ ယောက်မှာ ရှစ်ယောက် လောက်ဟာ နေ့စဉ် ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုသော ဆေးဝါးများကို သောက်သုံး နေရကြောင်း တွေ့ရှိ နိုင်ပါတယ်။ 
 
ဆရာဝန် ညွှန်ကြားချက်နှင့် သောက်သူတွေမှာ မသိသာ ပေမယ့် နီးစပ်ရာ ဆိုင်တွေမှာ ကိုယ့်အစီ အစဉ်နဲ့ကိုယ် ဝယ်သောက် ကြသူတွေ မှာတော့ ဆေးများ၏ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရ တာမျိုး တွေရှိ နေကြောင်း ကြားသိ နေရပါတယ်။ ကျေးလက်နေ လူအများစုဟာ ရောဂါေ ဝဒနာ တစ်ခုခု ဖြစ်လာပြီဆိုရင် ဆေးရုံ ဆေးခန်းမှာ ပသလျှင် ကုန်ကျမည့် ကုန်ကျ စရိတ်ကို ကြောက်လန့်ပြီး ကြားဖူးနားဝ ဆေးအမည် တွေကို ဆေးရောင်းသည့် ဆိုင်များတွင် ပြောဆို ဝယ်ယူကာ သောက်သုံး တတ်ကြကြောင်း သိရှိ ရပါတယ်။ ရောဂါကြောင့် ဆေးတစ်ခု သောက်ရ တော့မယ် ဆိုရင် ဒီဆေးကြောင့်ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်၊ ဘယ်လို ဘေးထွက် ဆိုးကျိုးတွေ ရနိုင်မယ်၊ ဘယ်လောက် ကြာအောင် သောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ် သောက်ရမယ် ဆိုတာတွေကို နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြသ မေးမြန်းပြီး တော့မှသာ သောက်သုံး သင့်ပါတယ်။ 
 
ဆရာဝန် မှာကြားတဲ့ အတိုင်း သောက်မယ် ဆိုရင်တောင် အလင်းရောင် သိပ်မရတဲ့ နေရာတွေမှာ ဆေးမသောက် သင့်ပါဘူး။ အလင်းရောင် ကောင်းစွာ ရနိုင်တဲ့ နေရာမျိုးမှာ ဆေးကို သုံးသင့်တဲ့ အခြေအနေမျိုး ဟုတ်၊မဟုတ်၊ သက်တမ်း ကုန်ဆုံးခြင်း ရှိ၊မရှိ သေချာစွာ ကြည့်ရှုပြီးမှ သောက်သုံး သင့်ပါတယ်။ နေ့စဉ် သောက်နေကျ ဆေးတွေကိုတောင် မသောက်ခင်မှာ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးပြီးမှ သောက်သင့် ပါတယ်။ မိမိ ခံစားနေရတဲ့ ရောဂါ ဝေဒနာကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသမှု မရှိဘဲ ကိုယ့် ဘာသာ ဝယ်သောက်တဲ့ ဆေးတွေကြောင့် ကြုံလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ရက်အနည်းငယ် အတွင်းမှာ သက်သာ သွားနိုင်ပေမယ့် အချို့ ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုး တွေကတော့ ကာလ အတန်ကြာမှ ပေါ်လာတတ်ပြီး ပြင်းထန် တတ်ပါတယ်။ ဒါ့အပြင် အခြား ဆိုးရွားတဲ့ အချက် တစ်ချက် ကတော့ မိမိကို ဆရာဝန် ညွှန်ကြား ထားတဲ့ ဆေးသောက်နေစဉ် သတ်မှတ် ပေးထားသော ဆေးမကုန်မီ မှာပဲ တခြား သူတွေက ပိုကောင်းတယ် သောက်ကြည့်လို့ တိုက်တွန်းတာကြောင့် တခြား ဆေးကိုပါ တွဲပြီး သောက်သုံး တတ်ကြ ပါတယ်။အဲဒီလို မသောက်ခင်မှာ နားလည် တတ်ကျွမ်းတဲ့သူ တွေ ကို သေချာစွာ မေးမြန်းပြီးမှ သောက်သင့် ပါတယ်။ ဒါ့အပြင် တိုင်းရင်း ဆေးတွေ၊ သဘာဝ သစ်ပင်တွေက ရတဲ့ ဆေးတွေဟာလည်း ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဓာတ်ပြုမှုတွေ လျင်မြန် စွာ ဖြစ်နိုင်လို့ ဆေးတစ်မျိုး သောက်ရန် ညွှန်ကြား ထားသည့်ရက် မကုန်မီ တွဲဖက် မသောက်သုံး သင့်ပါဘူး။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ အနေဖြင့် ရောဂါ ဝေဒနာ တစ်ခု ဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးမှူး၊ ဆရာဝန် တွေကို ပြသပြီးမှ ဆေးကို ညွှန်ကြားတဲ့ အတိုင်း သောက်သုံး ကြရန်နှင့် ကိုယ့်စိတ်ကူးနှင့် ကိုယ် ဆေးစပ်ကာ ဝယ်ယူ သောက်သုံးခြင်း မပြုလုပ် မိစေဖို့ အသိပေး ရေးသား တင်ပြ လိုက်ရ ပါသည်။

ဆောင်းပါးရှင်- ထွန်းမင်းဇော် (ခိုလမ်)
From_Myawaddy Health

No comments:

Post a Comment