“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 2, 2013

Virgin Galactic ကုမ္ပဏီ၏ အာကာသ ခရီးသည်တင် ယာဉ်အား ပထမဆုံး အကြိမ်အဖြစ် စမ်းသပ်ပျံသန်း

Virgin Galactic အာကာသ ခရီးသွား ကုမ္ပဏီသည် ၎င်းတို့၏ ဒုံးပျံ စွမ်းအင်သုံး အာကာသ ခရီးသည် ယာဉ်ကို ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်း ခဲ့ရာတွင် အောင်မြင် ခဲ့သည်ဟု သိရသည်။

Spaceship Two (SS2) အာကာသ ယာဉ်သည် ကုမ္ပဏီထုတ် White Knight 2 သယ်ဆောင်ရေး လေယာဉ်နှင့် အတူ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ် မြို့၏ မြောက်ဘက် မိုဂျေ့ဗ် သဲကန္တာရရှိ လေယာဉ် ပြေးလမ်းမှ ဧပြီ ၂၉ ရက် နံနက် ၇ နာရီ ၂ မိနစ်တွင် ပျံတက် သွားခဲ့ခြင်း ဖြစ်သည်။

မြေပြင်မှ စတင် ပျံသန်းပြီး ခန့်မှန်းခြေ အားဖြင့် ၄၅ မိနစ် အကြာတွင် မြေပြင် အမြင့်ပေ ၄၇၀၀၀ ခန့်အရောက်တွင် SS2 အာကာသယာဉ်သည် White Knight 2 လေယာဉ်မှ ခွဲထွက် သွားခဲ့သည်ဟု သိရသည်။

စမ်းသပ် ပျံသန်းနေစဉ် အတွင်း SS2 အာကာသ ယာဉ်သည် အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ခြင်းကြောင့် အာကာသ အတွင်းသို့ ခရီးသည် များအား အလည်အပတ် ပို့ဆောင်မည့် Virgin Galactic ကုမ္ပဏီ၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိတော့မည့် အမှတ် လက္ခဏာ ဖြစ်ကြောင်း Virgin ကုမ္ပဏီ တည်ထောင်သူ ဆာရစ်ချတ် ဘရန်ဆန်က ပြောကြားသည်။

Virgin Galactic ကုမ္ပဏီသည် SS2 ယာဉ်နှင့် အာကာသသို့ အလည်အပတ် ခရီးသွားရန် အတွက် ခရီးသည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ ဖြင့် ရောင်း ချ နေကြောင်းနှင့် ယခု အချိန်တွင် စရန်ငွေ ပေးထားသူ ဦးရေမှာ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/12711-2013-05-03-09-49-35

No comments:

Post a Comment