“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, May 13, 2013

သင့်ကလေးငယ်၏ ကိုက်တတ်သော အကျင့်ပျောက်၇န်

 
တချို့ကလေးတွေဟာ ငယ်ဘဝ အချိန် တစ်ချိန်မှာ ကိုက်တတ်တဲ့ အကျင့် ဖြစ်လာ တတ်ပါတယ်။ လမ်းလျှောက်တတ်ခါစ အရွယ် ကလေးတွေမှာ သွားပေါက်ခြင်း ကြောင့် ကိုက်ချင်တတ်ကြပြီး ကလေးကြီး တွေမှာ ကိုက်တဲ့ အကျင့် ရှိနေတာကတော့ တစ်ခါတစ်ရံမှာ တမင်သက်သက် ရန်လိုခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သင့်ကလေးမှာ ကိုက်တတ်တဲ့ အကျင့်ရှိရင် ဒီအကျင့် ပျောက်စေဖို့ သင်လုပ်သင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

အဆင့် (၁) ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ ဖော်ထုတ်ပါ။ သင့်ကလေးငယ်မှာ သွားအသစ်တွေ ထွက်နေတာလား။ စိတ်ဖိစီးမှုတွေ များနေတာလား။ ရန်လိုနေတာလား။ ကစားဖော် သူငယ်ချင်း အသစ်တစ်ယောက် ရနေပြီး သူ့ဆီကနေ အကျင့် ကူးလာတာ လား။ သင့်ကလေးမှာ ဘာကြောင့် ကိုက်တဲ့ အကျင့် ဖြစ်နေတာလဲ ဆိုတာကို သိမှသာ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို သင်ရှာတွေ့မှာပါ။

အဆင့် (၂) သင့်ကလေးကိုက်တာကို နှစ်သက်သဘောကျတဲ့ ပုံစံ လုံးဝ မပြပါနဲ့။ သင့်ကလေးက သင့်ကို ကိုက်တဲ့အခါ မနာရင်တောင် မရယ်ပါနဲ့။ တခြားသူကို ကိုက်တာကိုလည်း လုံးဝ အားမပေးပါနဲ့။

အဆင့် (၃) သင့်ကလေးကိုက်တာနဲ့ ဆက်စပ်နေတဲ့ အကျိုးဆက်တွေကို ချက်ချင်း တုံ့ပြန်ဆောင်ရွက်ပါ။ သင့်ကလေးဟာ တခြားကလေးတစ်ယောက်နဲ့ အရုပ်လုရင်း ရန်ဖြစ်ပြီး အဲဒီကလေးကို ကိုက်လိုက်ရင် သင်က အရုပ်ကို ယူသိမ်းထားလိုက်ပါ။ အချိန်ကာလ အတိုင်းအတာ တစ်ခုကြာအောင် သင့်ကလေးကို အဲဒီအရုပ်နဲ့ ကစားခွင့် မပေးပါနဲ့။ သင့်ကလေးက သူ့ကို ချောကလက်မပေးတဲ့အတွက် သင့်ကို ကိုက်ရင်တော့ ကိုက်တဲ့ အကျင့်မပျောက်မချင်း သူဟာ ချောကလက်ကို လုံးဝရမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားပါ။

အဆင့် (၄) ဖြစ်နေတဲ့နေရာမှာ သင့်ကလေးကို ဖယ်ထုတ်ပါ။ သင့်ကလေးဟာ ပါတီပွဲတစ်ခုမှာ ဒါမှမဟုတ် တခြားကလေးတွေနဲ့ အတူ ကစားနေတဲ့နေရာမှာ တစ်ယောက်ယောက်ကို ကိုက်လိုက်ရင် သင့်ကလေးကို ဘေးခေါ်ထုတ်ပြီး ပြဿနာကို ချက်ချင်းရှင်းပါ။ သူ မတောင်းပန်ရင်၊ နောက်တစ်ကြိမ် ကိုက်ဦးမယ်ဆိုရင် သင်ဟာ သူ့ကို အခုချက်ချင်း တစ်ယောက်တည်း ထားခဲ့မှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောပါ။

အဆင့် (၅) နောက်တစ်ကြိမ် ကိုက်ဖို့ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်တွေ အားလုံးကို ထိန်းချုပ်ထားပါ။ လူကိုက်တာဟာ အန္တရာယ်ရှိပါတယ်။

အဆင့် (၆) တခြားကလေးက သင့်ကလေးကို ကိုက်တဲ့အတွက် သင့်ကလေးက ပြန်ကိုက်တာမျိုးလည်း မဖြစ်ပါစေနဲ့။ ရန်ကို ရန်ချင်း မတုံ့နှင်းသင့်ကြောင့်၊ အကြမ်းဖက်မှု က ဆိုးကျိုးတွေကိုသာ ဖြစ်စေနိုင်ကြောင်း သင့်ကလေးကို နောက်တစ်ကြိမ် မကိုက်အောင် စီမံဆောင်ရွက်ပါ။ သင့်ကလေးကို ကိုက်တဲ့ကလေးနဲ့ သူ့မိဘတွေကို တွေ့ဆုံပြီး တောင်းပန်ခိုင်းပါ။

အဆင့် (၇) သင့်ကလေးက တခြားကလေးကို ကိုက်တဲ့အခါမှာလည်း အဲဒီကလေးနဲ့ ကလေးမိဘတွေကို တွေ့ဆုံပြီး သင့်ကလေးကို တောင်းပန်ခိုင်းပါ။

အဆင့် (၈) တခြားသူကို ထိခိုက်နာကျင်အောင် မလုပ်သင့်ကြောင်း သင့်ကလေးကို သေချာရှင်းပြပါ။ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အခါနဲ့ ရန်လိုတဲ့ ခံစားမှု ဖြစ်လာတဲ့အခါ သင့်တော်တဲ့ ထွက်ပေါက် ရှာဖွေနိုင်ဖို့ သင့်ကလေးကို ကူညီပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း တိုးတတ်အောင် ကြိုးစားဖို့ သင့်ကလေးကို တိုက်တွန်း အားပေးပါ။

Tips
သင့်ကလေးဟာ သွားပေါက်တဲ့အတွက် နာကျင်နေတာကြောင့် ကိုက်တာဆိုရင် ကိုက်ဖို့ ဒါမှမဟုတ် ဝါးဖို့ သင့်တော်တဲ့ ပစ္စည်းတစ်ခုခု ပေးထားပါ။ လိုအပ်ရင် နာကျင်မှု သက်သာအောင် လုပ်ပေးဖို့ ဆရာဝန် အကူအညီ ယူပါ။ သင့်ကလေးနဲ့ ဆွေးနွေးပါ။ အလွန်ငယ်ရွယ်တဲ့ ကလေးတွေတောင် သူတို့ ဘယ်လို ခံစားရတယ်ဆိုတာနဲ့ ဘာကြောင့် ခံစားရတယ်ဆိုတာကို ဆွေးနွေးရင် စိတ်ပါလက်ပါ ပြောပြတတ်ပါတယ်။ စည်းကမ်းတကျ နေထိုင်ဖို့ သင်က စတင်တိုက်တွန်း အားပေးရင် နောက်ပိုင်းမှာ သူ့စည်းကမ်းနဲ့သူ နေထိုင်တတ်သွားပါလိမ့်မယ်။ သင့်ကလေးရဲ့ ကိုက်တတ်တဲ့ အကျင့်ကို ပျောက်အောင် သင့်ဘာသာသင် လုပ်လို့မရဘဲ တာရှည်နေရင် ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးပါ။ ကိုက်ခြင်းနဲ့ တခြားရန်လိုတဲ့ အပြုအမူတွေဟာ ပိုပြင်းထန်တဲ့ ပြဿနာတွေရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

သင့်ကလေးကို မရိုက်ပါနဲ့။ ရိုက်ရင် သင်ဖြစ်စေချင်သလို မဖြစ်ဘဲ ရန်လိုတဲ့ အပြုအမူတွေ ပိုဖြစ်ပေါ်အောင်သာ တွန်းအားပေးရာကျပါလိမ့်မယ်။

http://crazybag.ning.com/

No comments:

Post a Comment