“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, May 13, 2013

လက်သီးဆုပ်ခြင်းက သင့်ရဲ့မှတ်ဉာဏ်ကို တိုးတက်စေနိုင်

Photo: လက်သီးဆုပ်ခြင်းက သင့်ရဲ့မှတ်ဉာဏ်ကို တိုးတက်စေနိုင်

မောင့်ကလဲ(လ်)ယားပြည်နယ် တက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ သင့်ရဲ့ညာလက်အား လက်သီးဆုပ် ချည်၊ ဖြန့်ချည်ပြုလုပ်ခြင်းက မှတ်ဉာဏ်ကို ပိုမိုမြင့်မားစေနိုင်ပြီး သင့်ရဲ့ဘယ်လက်အား ဆုပ်ချည်ဖြန့် ချည်ပြုလုပ်ပေးခြင်းက မှတ်ထားသည်များကို ပြန်လည်သတိရစေရန် ကူညီပေးနိုင်သည်ဟု သိရသည်။ သိပံ္ပပညာရှင်များက လက်တစ်ဖက်ထဲ ဆုပ်ချည်ဖြန့်ချည်လုပ်ခြင်းက ဦးနှောက်အရှေ့ပိုင်းရှိ အာရုံကြောများ လှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်ကြောင်း ရှင်းပြခဲ့သည်။ 

ထို့ပြင် ယင်းကဲ့သို့ ပြုလုပ်ခြင်းက ဦးနှောက်၏ သက်ဆိုင်ရာအခြမ်းများ၏ဖြစ် ပျက်ပုံအဆင့်ဆင့်အား ပိုမိုလျင်မြန် စေကြောင်း သိရသည်။ လေ့လာသူ များက ယင်းအကြောင်းနှင့်ပတ်သက် ၍ လူ ၅၁ဦးကို စက္ကန့်ကိုးဆယ်ခန့် လက်သီးဆုပ်ချည်ဖြန့်ချည်လုပ်ခိုင်း၍ စကားလုံး၇၂လုံးအား မှတ်စေပြီး စမ်းသပ်ခဲ့ရာ စာမမှတ်မီ ညာဖက် လက်သီးဆုပ်၍ စာဖြေစဉ် ဘယ် ဖက်လက်သီးဆုပ်ချည်ဖြန့်ချည်လုပ် သူများက ကျန်သူများထက် ပိုမို အဆင်ပြေစွာဖြေဆိုနိုင်ကြောင်း သိရသည်။

ဖိုးသောကြာ
Ref: MNT
Health Updates Journal

1 comment:

  1. phyuလဲမှတ်ထားတယ်
    ကိုဦးရေကျေးဇူးတင်တယ်
    သူငယ်ချင်းတွေကိုလဲပြောပြမယ်နော်

    ReplyDelete