“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, April 11, 2013

မြန်မာ စမတ်ဖုန်း JAS

JAS မကြာမီလာမည် ဆိုပြီး ဆိုင်းဘုတ်တင် ကြော်ငြာထားတာ ဘာများလဲလို့ စမတ်ဖုန်း ဖြစ်နေပါတယ်။
မြန်မာဘာသာနဲ့ အသုံးပြုရမယ့် ပထမဆုံး မြန်မာ စမတ်ဖုန်း ဖြစ်ပါတယ်။
Android ICS ကို အသုံးပြုထားပြီး ၄.၃ လက်မ ဆိုတော့ လက်ရှိ ခေတ်ပေါ် စမတ်ဖုန်းများနဲ့ အရွယ် မကွာပါဘူး။ အတွင်း Specification များကလည်း မနိမ့်ပါ။ Memory 4GB အရန်သင့် ပါရှိပြီး SD ကဒ် ထပ်ထည့်လို့ ရပါသေးတယ်။
ကင်မရာ 5 megapixel ပါရှိပြီး Front facing ကင်မရာတေင် ပါရှိ ပါသေးတယ်။ GSM, CDMA နှစ်မျိုးလုံး အတွက် ထုတ်လုပ်တယ်လို့ ဖော်ပြ ထားပါတယ်။
လုံးဝ ထူးခြားတာ တစ်ခုကတော့ ဖုန်း ခြေစ၊ ခေါင်းဆုံး UI အားလုံးကို မြန်မာလို အသုံးပြု ရခြင်း ဖြစ်ပါတယ်။ အာမခံလည်း ပေးထား ပါတယ်။ ဈေးကလည်း သက်သာ ပါတယ်။ တစ်သိန်း သုံးသောင်း ကိုးထောင် (၁၃၉၀၀၀) ဆိုတော့ တော်တော် များများ ဝယ်ကိုင်နိုင်တဲ့ ဈေးတစ်ခုပါပဲ။
အသေးစိတ် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လည်း JAS Official Facebook Page မှာ ဖော်ပြ ထားပါတယ်။ အသေးစိတ်ကို အောက်ပါ Link မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

https://www.facebook.com/jasmyanmar
Aung Kham (TSJ team)
မြ၀တီ

No comments:

Post a Comment