လူတစ်ဦးရဲ့ တစ်သက်တာမှာ အသက်အရွယ် အပိုင်းအခြား အလိုက် ဇီဝကမ္မ အနေ အထား၊
ပတ်ဝန်းကျင်နဲ့ဘဝနေကျင့်ပုံစံတွေဟာ ကွဲပြားခြားနားလာကြတဲ့ အလျောက်
အဖြစ်လွယ်၊ အဖြစ်များတဲ့ ရောဂါချင်းလည်းမတူတတ်ကြပါ။ ဒါကို သိထားရင်
စိတ်ထဲရှင်းနေတော့ ကြိုတင်ကာကွယ်နိုင်သလို ကုသမှုကိုလည်း
စောစီးစွာခံယူနိုင်ပါလိမ့်မယ်။
အသက်၂၀-၃၀ အရွယ်
သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ
ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့
အတွက်ကြောင့်ပါပဲ။
အသက် ၃၁-၄၀ အရွယ်
အယောက် ၂၀မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ
ပိုဖြစ်တတ်တယ်။ဒီလို ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း
အလွန်များပါတယ်။
အရက်သောက်ခြင်း၊ သနေ တားဆေးသုံးစွဲခြင်း၊အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။
အသက် ၄၁-၅၀ အရွယ်
အဖြစ်များဆုံးကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။(အထူးသဖြင့်
အမျိုးသားတွေ အဖြစ်များတယ်။) အမျိုးသမီးတွေမှာတော့
သွေးဆုံးခါနီးအရွယ်ဖြစ်ရင် သွေးဆုံးကိုင်တဲ့
ဝေဒနာ ခံစားရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း
၊ပျာယာခတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း
၊ချွေးထွက်လွယ်ခြင်း၊ကာမရာဂစိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊သားမြတ်တင်းခြင်း
၊ခြေလက်ထုံကျဉ်ခြင်း(သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
အသက်(၅၀) ဝန်းကျင်မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။
အသက် ၅၁-၆၀ အရွယ်
အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား
ဆုတ်ယုတ်ကျဆင်းလာလို့ပါ။အဓိက အကြောင်းရင်းကတော့
ကိုယ်ခံအားဆုတ်ယုတ်ကျဆင်းလာလို့ပါ။ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊
အစားအစာညီညွတ်မျှတခြင်း
မရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။
အသက် ၆၀ နှစ်အထက်အဖြစ်အများဆုံးကတော့ အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။
ရောဂါဖြစ်စ အချက်ပြလက္ခဏာနှင့် ရောဂါဖြစ်လာကိုယ့်ဘာသာ အမြန်အဖြေရှာ
http://www.han152.com/2012/05/blog-post_4204.html မှ ကူးယူဖော်ပြပါသည်။
!-kp-3နည်းပညာ-http:>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment