“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, April 11, 2013

““““““““ စိုးထိတ်တဲ့ ညများ ””””””””


သူက အိပ်ရင်းနဲ့လမ်းလျှောက်တတ်တဲ့ အိပ်ရင်းနဲ့ သာမန်နိုးနေတဲ့လူတစ်ယောက်လို စကားတွေအများကြီးပြောတတ်တဲ့ ကောင်မလေးပါ .. ထူးဆန်းတာက အိပ်ရင်းနဲ့ မျက်စိမှိတ်ပီးလမ်းလျှောက်တာ ဘာမှ ၀င်မတိုက်မိသလို သူအိပ်နေတဲ့အချိန်မေးရင်လည်း အမှန်တွေကို ချည်းပြောတတ်တယ် ... ဒါဟာ ထူးဆန်းတဲ့ရောဂါတစ်ခုလို့ ဆိုရမလားမသိပေမယ့် သူက အမြဲလိုလို နေမကောင်းဖြစ်နေတတ်တဲ့ ရောဂါသည်လေးတစ်ယောက်ဆိုတာကိုတော့ သိပါတယ် ...

စစချင်းတော့ မနက်အိပ်ရာထချိန်တိုင်း သူညက လုပ်ခဲ့ ပြောခဲ့တာတွေကို ပြန်ပြောရင်း နှစ်ယောက်သား ရယ်မောပျော်ရွှင်နေခဲ့မိတယ်..“ ဘာမှလည်း လိမ်လို့မရဘူး စိတ်ညစ်ပါတယ် ” လို့ သူခေါင်းလေးကုတ်ပီး ကလေးလေးတစ်ယောက်လိုပြောပုံလေးကို ကျွန်တော် ငေးမောကြည်နူးခဲ့ရသလို သူ ညည ကျွန်တော့်ကို မျက်စိမှိတ်လမ်းထလျှောက်ရင်း လိုက်ရှာတတ်လွန်းလို့ ၀မ်းနဲ ၀မ်းသာဖြစ်ခဲ့မိတယ် ...ကလေးဆိုးလေးတစ်ယောက်လို ဆိုးလွန်းတဲ့ ကျွန်တော့်ချစ်သူ ဆိုးပေမလေးကို သနားဂရုနာမှုတွေနဲ့ အဆုံးမရှိအောင် ချစ်နေမိတာပါ ... ဒါပေမယ့် ဒီလို စိုးထိတ်တဲ့ ညတွေကို ကြုံတွေ့ရတော့မယ်လို့ ကျွန်တော် မတွေးမိခဲ့ဖူးဘူး ...

အခုတော့ သူအိပ်ရင်းနဲ့ ကျွန်တော့်ကို သီချင်း မဆိုပြတော့ဘူး .. အိပ်ရင်းနဲ့ မဆုံးနိုင်တဲ့ပုံပြင်တစ်ပုဒ်ကို ထပ်တလဲလဲ မပြောပြတော့ဘူး ... အိပ်ရင်းနဲ့ သူ့သူငယ်ချင်းတွေရဲ့ အကြောင်းကို ရယ်ရယ်မောမောပြန်မပြောပြတော့ ...

သူပြောလာတဲ့ စကားတွေက “ ကိုကြီးရယ် - ၀ါးလေးသေတော့မှာလားဟင် .. ၀ါလေးလေ ကိုကြီးကို အရမ်းချစ်တာဘဲ .. ၀ါလေးသေသွားရင် ကိုကြီးအနားမှာဘဲ နေမှာ .. ကိုကြီးမကြောက်နဲ့နော် .. ကိုကြီးဘယ်သွားသွား နောက်ကလိုက်နေမှာ .. ကိုကြီးကို ကြည့်နေမှာတဲ့ ”

သူနောက်နေတာမဟုတ်ပါဘူး .. သူ အိပ်ပျော်နေရင် မနောက်တတ်ဘူး .. ဒါဆို သူတကယ်အိပ်ပျော်နေတာလား .. ဟုတ်ပါတယ် .. ညာမပြောနိုင်လောက်အောင်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင်း စကားတွေပြောနေတာပါ ...

ကျွန်တော့်သွေးတွေကို ဆူပြွတ်သွားစေပါတယ် .. ရောဂါသည် တစ်ယောက်ဆိုပေမယ့် သူ့ကို အခုချက်ချင်းသာ ဆုံးရှုံးလိုက်ရမလားဆိုတဲ့အတွေးတွေ ကျွန်တော်ရင်ကို ရိုက်ခတ်လာတယ် .. ဒါဆို ဒီလိုအချိန်မှာဘာလုပ်ရမလဲ .. ရုတ်တရက် ၀င်လာတဲ့အတွေးတစ်ခုက ဒါဟာ အမှန်တကယ်သူ့ရဲ့နောက်ဆုံးထွက်သက်ဆိုရင် အကောင်းမွန်းဆုံးဖြစ်သွားစေချင်တယ် ..

“ ၀ါလေးဘုရားရှီခိုးပီးပီလားဟင် .. ဂုဏ်တော်ကိုးပါးပုတီးစိတ်ဦးလေ ” ဆိုပီး တာလီပုတီးလေးသူ့လက်ထဲ ထည့်ပေးမိတယ်.. “ ကိုယ်တိုင်ပေးမယ် လိုက်ဆိုနော် ” လို့လည်း ပြောလိုက်မိတယ် ..

အဲ့တော့ သူက ပြောလာတယ်လေ ..

“ ကိုကြီးက ၀ါလေးကိုကြောက်လို့ ဘုရားစာတွေ ရွတ်နေတာလားဟင် .. ၀ါလေးက ကိုကြီးကို ဘာမှ မလုပ်ပါဘူး .. မကြောက်နဲ့နော် ” တဲ့ .. နာကြင်မှု ကြေကွဲမှုနဲ့ စိုးထိတ်မှုတွေ ဘာလုပ်ရမှန်းမသိအောင် ကျွန်တော့်ရင်ထဲကို တိုးဝင်လာတယ် .. ကျွန်တော် သူ့ကို ဖက်ထားပီး သူ့အသက်ရှူသံတွေကို နားထောင်နေမိတယ် .. သူ့အသက်ရှူသံတွေက တဖြည်းဖြည်းတိုးညှင်းသွားသလိုဘဲ .. ကျွန်တော်သူ့ကို ကိုင်လှုပ်လိုက်တယ် ..
“ ၀ါးလေး - ၀ါးလေး ”
သူ့ဆီက အသံထွက်လာတယ်..
“ ဟင် ” တဲ့ ..
သူမနိုးပါဘူး အိပ်ရင်းနဲ့ စကားသံတွေထပ်ပေါ်လာတာက
“ ၀ါလေး ဟိုး အဝေးကြီး တစ်နေရာရာကို သွားနေတာ ”
“ ဟုတ်လား ဘယ်နေရာလဲ . အဲ့မှာ ဘာတွေရှိလဲ ” လို့မေးတော့
“ မသိဘူးတဲ့ ” ..
“ ဒါဆို ကိုကြီးခေါ်လို့ ပြန်လာတာလား ” လို့မေးမိတယ် ..
“ အင်း ”
“ ဒါဆို ပြန်သွားရဦးမှာလား အဲ့ကို” လို့ထပ်မေးမိတယ် ..
“ ဟင့်အင်း မသွားတော့ဘူးတဲ့ ”

ကျွန်တော် သက်ပြင်းရှည်တစ်ခု ခပ်ပြင်းပြင်းချလိုက်မယ် ..
ကျွန်တော် မနက်ဖြန်တစ်နေ့လုံးတစ်ညလုံး မသွားမဖြစ်တဲ့အလုပ်သွားရဦးမယ် .. တစ်ရက်ခြားတစ်ခါဆိုတဲ့ juty ၀င်ရဦးမယ် .. ညညသူကျွန်တော့်ကို လိုက်ရှာတဲ့အချိန် လန့်နိုးအောင် တံခါးကို သေချာပိတ်ပီး ခုံတွေခံထားဖို့မှာရဦးမယ် .. နေ့ခင်းဘက် တစ်ယောက်ထဲ တစ်ခါးတွေ အလုံပိတ် အိပ်မနေဖို့ မှာရဦးမယ် .. သူအချိန်မှန်အိပ် အချိန်မှန်စား အချိန်းမှန်ဆေးသောက်ဖို့ အားတဲ့အချိန်တိုင်း ဖုန်းဆက် သတိပေးရဦးမယ် ..

အော်..ဒီလို စိုးထိတ်တဲ့ညတွေကို ဘယ်အချိန်ထိ ဖြတ်သန်းရဦးမှာလဲ .. ဆုတောင်းမိပါတယ် .. ကျွန်တော်သိပ်ချစ်တဲ့ ခပ်ဆိုးဆိုးကောင်းမလေးနဲ့ တစ်ဘ၀လုံး သာယာအေးချမ်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်ခွင့်ရပါစေ ..
အကောင်းဆုံးအခြေနေကို ပိုင်ဆိုင်ခွင့်မရရင်တောင် ဆုံးခန်းတိုင် ဘ၀ထိ ဒီလို စိုးထိပ်နေရပါစေ သူ့ဘေးနားမှာ ရှိနေခွင့်ရပါစေလို့ ဆုတောင်းမိတယ် .....

ဆုတောင်းတိုင်း မပြည့်တတ်တဲ့ကျွန်တော့်အတွက် “““ သူငယ်ချင်းသာ ဆုတောင်းတိုင်းပြည့်တဲ့သူ ဖြစ်နေမယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဆုတောင်းပေးပါလားဗျာ..ထာဝရကျေးဇူးတင်မှာပါ ... ”””


(အောင်ကျော်မြင့် - 10-4-2014)

1 comment:

  1. phyuဆုတောင်းပေးနေမယ်နော်

    ReplyDelete