“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, March 29, 2013

စိတ်ဖိစီးစရာများ တွေးတောခြင်းအန္တရာယ်

Photo: စိတ်ဖိစီးစရာများ တွေးတောခြင်းအန္တရာယ်

စိတ်ဖိစီးစရာများပြန်ပြောင်းစဉ်းစားခြင်းသည် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုဖြစ်စဉ်များ ဖြစ်ပွားစေ ကြောင်း အမေရိကန် အိုဟိုင်းယိုးတက္ကသိုလ် သုတေသီများကဆိုသည်။ စိတ်ဖိစီးမှု C-Reactive Protein (CRP) ဟုခေါ်သော ပရိုတင်းတစ်မျိုး ထုတ်လုပ်မှု လွန်ကဲလာပြီး ရောင်ရမ်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပွားစေသည်။
C-Reactive Protein (CRP) မြင့်တက်နေသူများသည် နှလုံးရောဂါများခံစားရနိုင်ချေရှိသည်။ လန်ဒန်တက္ကသိုလ်သုတေသီများ၏ လေ့လာမှုအရ C-Reactive Protein ပမာဏသည် မိဘဘိုးဘွား မျိုးရိုးကိုလိုက်၍ ပြောင်းလဲမှုရှိနိုင်သည်ဟု Circulation ဂျာနယ်တွင်ဖော်ပြထားသည်။

ဇော်ကို
Health Updates Journal
Vol.2, No.13

မြ၀တီ

No comments:

Post a Comment