သကြားဓာတ်ထည့်သွင်းထား သောအချိုရည်များ၊ဆိုဒါများ၊အား
ကစားသမားများသောက်သော အချိုရည်များနှင့်ဂက်စ်ပါသော အချိုရည်များသည်
နှစ်စဉ်လူပေါင်း၁၈၀၀၀၀ကျော်သေဆုံးမှုနှင့်
ဆက်စပ်နေ ကြောင်းသုတေသနတစ်ရပ်တွင်ဖော် ပြထားသည်။ ယခုလေ့လာမှုကို
အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်ခဲ့ပြီးအချိုဓာတ်ပါဝင်သော
အားဖြည့်အရည်များကကျန်းမာရေး အပေါ်သက်ရောက်မှု ကို လေ့လာနိုင်ခဲ့
ခြင်းဖြစ်သည်။
အဆိုပါအချိုရည်မျိုးစုံသည် ကိုယ်အလေးချိန်တက်ခြင်း၊ဆီးချိုသွေး ချိုရောဂါ၊နှလုံးရောဂါနှင့်ကင်ဆာ ရောဂါအချို့နှင့်ဆက်စပ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။သုတေ သနတွင်အချိုရည်များသည်တစ် ကမ္ဘာလုံးမှဆီးချိုသွေးချိုကြောင့်သေဆုံး ရမှုပေါင်း၁၃၃၀၀၀၊နှလုံးရောဂါ ကြောင့်သေဆုံးရမှုပေါင်း၄၄၀၀၀နှင့် ကင်ဆာကြောင့်သေဆုံးရမှု၆၀၀၀ နှင့်ဆက်နွယ်နေကြောင်းသိရှိခဲ့ကြ သည်။
အဆိုပါသေဆုံးမှုများ၏၇၈% သည် အချိုရည်များကိုအလွန်အကျွံ သောက်သုံးမှုနှင့်ဆက်စပ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထက်စာလျှင် ဖွံဖြိုးဆဲနိုင်ငံများတွင်ပိုအဖြစ်များနေသည်။ အချိုရည်သောက်သုံးမှုနှုန်း အများဆုံးတိုင်းပြည်မှာမက္ကဆီကို နိုင်ငံဖြစ်ပြီးအချိုရည်ကြောင့် သေဆုံးရမှုနှုန်း အမြင့်ဆုံးနိုင်ငံလည်းဖြစ် သည်။လူတစ်သန်းတွင်၃၁၈ဦးသည် အချိုရည်နှင့်ဆက်စပ်ရောဂါများ ကြောင့်သေဆုံးနေရသည်ဟုသိရ သည်။ ယင်းတိုင်းပြည်နှင့်ပြောင်းပြန်မှာ ဂျပန်နိုင်ငံဖြစ်ပြီးသေဆုံးမှုနှုန်း မှာလည်းအနည်းဆုံးဖြစ်သည်။လူ တစ်သန်းတွင်၁၀ဦးသာသေ ဆုံးသည်ဟု ဖော်ပြထားသည်။
သက်ကို
Ref:ANI

Health Updates Journal
No comments:
Post a Comment