“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, March 29, 2013

“““မျှော်ရှာသူ(ဟာသ)””””

Photo: မျှော်ရှာသူ......

အရက်ဆိုင်တဆိုင်တွင်း သို့ လူတစ်ယောက်သည် အ၇က်သောက်ရန် ၀င်လေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူအား အရက်ခွက်ကို ရှေ့မှာ ချ ၍ ငိုင်တိုင်တိုင်နဲ့ ထိုင်နေသည်ကို အံအားသင့်စွာတွေ့ရလေ၏။

သို့ဖြင့် နုတ်ဆက်မေးရင်း.....

" ဟေ့ ကောင်ကြီး ငိုင်လှချည်လားဟ။ ဘာဖြစ်လို့လဲ ကွ။......." ဟုဆိုလိုက်၏။

သူငယ်ချင်း။      ။ဇူလိုင်လက ငါ့အမေသေတယ်ကွာ။ ငါ့အတွက် ငွေ သိန်း၂၀ ပေးရစ်ခဲ့တယ်ကွ။ နောက်တော့ သြဂုတ်လမှာ အဖေ ဆုံးပြန်ရော။

                     သူလဲ ငါ့အတွက် ငွေ  သိန်း ၂၀ ချန်ထားခဲ့တယ်။

ထိုအခါ ..."..ဟာ......ဒါဆိုရင်။မင်းမိဘ နှစ်ဦး လုံး ရှေ့ဆင့် နောက် ဆင့် ဆုံးကြတာ ပေါ့။ကြားရတာ စိတ်မကောင်းစရာပဲကွာ   " ဟု.....

နုတ်ဆက်မေးမြန်းသူက ပြောလေသည်။

ထိုအခါ....သူငယ်ချင်းမှ....

သူငယ်ချင်း။     ။ဒါကဘာဟုတ်သေးလည်း ။ကျန်ခဲ့တဲ့ လ ကလည်း ငါ့ အဒေါ်တစ်ယောက် သေသွားတယ်လေ။သူကလည်း ငါ့ကို ၁၀သိန်းပေးခဲ့ပါတယ်။

မေးမြန်းသူမှလည်း  "  ဟာာ...၀မ်းနည်းပါတယ်ကွာ  " ဟု ဆိုလေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူ က အရက်ခွက်အားဆတ်ကနဲ ကောက်မော့ပီး...ဆက်ပြောလိုက်တာက.....

" ဒါပေါ့ကွာ.........အဲဒီအချိန်ကတည်း က ခုထိ ဘယ်သူမှ မသေသေး ဖူးလေ..."......တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ.....

Lon Ely.......

အူတတ်အောင်ရီရသောဟာသများ (facebook)

No comments:

Post a Comment