“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 31, 2012

အသက်ရှည်စေဖို့ လွယ်ကူတဲ့နည်းလမ်းများ

(၁) ရေအေးနဲ့ရေချိုးပါ။
London'sBromptonဆေးရုံမှ လေ့လာမှုများအရ ရေအေးနဲ့ရေချိုးတာဟာ သင်ရဲ့နှလုံးနဲ့အဆုတ် လုပ်ဆောင်ချက်ပိုကောင်းမွန်ပြီး
ခုခံအားတွေလည်း ပိုမြင့်မားကာ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။ ရေနွေးနဲ့ရေချိုးအပြီး ရေအေးနဲ့နှစ်
မိနစ်ခန့်ရေချိုးတာဟာ အကောင်းဆုံးလို့ဆိုပါတယ်။
(၂) အိမ်မွေးတိရစ္ဆာန်တွေမွေးပါ။
ခွေးဒါမှမဟုတ်ကြောင်တွေပိုင်ဆိုင်တဲ့မိသားစုတွေမှာစိတ်ဖိစီးမှုလျော့နည်းပြီးကြောင်၊ခွေးတွေမပိုင်ဆိုင်တဲ့မိသားစုတွေထက်ဆေး
ခန်းပြသမှုနည်းတယ်လို့Cambridgeတက္ကသိုလ်မှလေ့လာမှုများအရသိရပါတယ်။အိမ်မွေးတိရစ္ဆာန်တွေကြောင့်သင့်စိတ်ကိုပျော်ရွှင်
စေပြီးစိတ်ဖိစီးမှုနည်းစေတဲ့အတွက်သွေးပေါင်ချိန်လျော့နည်းစေတယ်လို့ဆိုပါတယ်။ခွေးတွေမွေးတာအကောင်းဆုံးဖြစ်ပြီးရေကန်ထဲ
မှာ ရွှေငါးမွေး တာဟာလည်းကျန်းမာရေး အတွက်ကောင်းတယ်လို့ဆိုပါတယ်။
(၃) စစ်တုရင်ကစားပါ။
စစ်တုရင်နဲ့crosswordလိုမျိုးဦးနှောက်လေ့ကျင့်ရတဲ့ကစားနည်းတွေကိုကစားရင်ဦးနှောက်အားသိသိသာသာကောင်းမွန်တယ်လို့
ဆိုပါတယ်။
(၄) လက်ဖက်ရည်ကြမ်း (Green Tea) သောက်ပါ။
ဂျပန်မှလေ့လာသူတွေကလက်ဖက်ရည်ကြမ်း(GreenTea)သောက်သူတွေဟာအသက်ရှည်ပြီးအဆုတ်ကင်ဆာနဲ့လေဖြတ်ရောဂါဖြစ်
နိုင်ချေနည်းတယ်လို့ဆိုပါတယ်။ လက်ဖက်ရည်ဟာသွေးတွင်းကိုလက်စထရောနဲ့ သွေးပေါင်ချိန်လျော့စေလို့ဆိုပါတယ်။
(၅) ဘာသာရေးကိုင်းရှိုင်းပါ။
Edinburghတက္ကသိုလ်မှစိတ်ရောဂါကုဆရာဝန်ကဘာသာရေးကိုင်းရှိုင်းပါကသင်စိတ်ပျော်ရွှင်မှုရစေပြီးအသက်ရှည်စေတယ်လို့
ဆိုပါတယ်။
(၆) ကြိုးခုန်ပါ။
Nottinghamတက္ကသိုလ်မှလေ့လာသူတွေကတစ်နေ့ကိုအကြိမ်၅၀ကြိုးခုန်တဲ့အမျိုးသမီးတွေကအသက်ရှည်ရှည်နေနိုင်တယ်လို့
ဆိုပါတယ်။ကြိုးခုန်တာကြောင့်နှလုံးသန်မာပြီးနှလုံးသွေးကြောရောဂါကိုကာကွယ်ပါတယ်။အရိုးသိပ်သည်းဆလည်းမြင့်မားပြီး
အရိုးပါးရောဂါမှလည်းကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
(၇) လောင်းကစားတာတွေရပ်ပါ။
စိတ်ရောဂါပညာရှင်တွေကသင့်မှာရုပ်ဝတ္တုပိုင်ဆိုင်မှုတွေနည်းလေအသက်ပိုရှည်လေလို့ဆိုပါတယ်။ငွေနဲ့ပျော်ရွှင်မှုကိုဝယ်လို့မရဘူး
ဆိုတာကိုသိထားဖို့လိုပါတယ်။ အရမ်းချမ်းသာသူတွေဟာပိုပြီးငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးနိုင်တယ်လို့ စစ်တမ်းများအရ
သိရပါတယ်။ အသက်ရှည်ဖို့အရေးကြီးသော့ချက်ဖြစ်တဲ့အကောင်းမြင်ဝါဒကိုကျင့်သုံးပါ။

Credit: myanmarchatonline.orgမှကူးယူတင်ပါသည်...

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A454928&xgs=1&xg_source=msg_share_post

No comments:

Post a Comment