“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 31, 2012

ငွေကုန်ကျမူ အနည်းဆုံးဖြင့် သင့်ကျောက်ကပ်ကို ဆေးပါ

ကျွန်ပ်တို့ခန္ဓာကိုယ်အတွင်းရှိ ကျောက်ကပ်သည် သွေးများမှ ဆားဓါတ်နှင့် အခြားမလိုလားအပ်သောဓါတ်များ ခန္ဓာကိုယ်အတွင်း မဝင်ရောက်လာနိုင်အောင် စီစစ်ထုတ်ပေးလျက်ရှိပါသည်။အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်တွင်ဓါတ်ဆားများ နှင့်မလိုလားအပ်သော ဓါတ်ဆားများ စုပုံလျက်၇ှိရာ ကျောက်ကပ်အား ဆေးကြောရန်လိုအပ်လာ
ပါသည်။ထိုသို့ကျောက်ကပ်ဆေးကို ဆေးကြောလိုပါက အလွန်လွယ်ကူသောနည်းလမ်း(တရုပ်ရိုးရာ) တစ်ခုရှိပါသည်။ငွေကုန်ကျမူအနည်းငယ်ဖြင့်ဆေးကြောမူပြုလုပ်နိုင်ပါသည်။



ရှေးဦးစွာ တရုတ်နံနံ (Malli leaves or Corriender Leaves) များကို ရေ စင်စင်ဆေးပီး ပဉ္စငါးပါးစလုံး ကို နုပ်နုပ်စင်းကာ သန့်ရှင်းသော အိုးထဲတွင် သန့်ရှင်းသောရေထည့်ပီး ၁၀ မိနစ် ခန့်ပြုတ်ပါ။ အအေးခံပါ သန့်ရှင်းသောပိတ်စဖြင့်စစ်ပါ။ထို့နောက် သန့်ရှင်းသော ပုလင်း သို့မဟုတ်ရေဘူး ထဲ ထည့်ပါ။ ကြာရှည်ခံစေ ရန် ရေခဲသေတ္တာထဲ ထည့်ထားပါကပိုကောင်းပါသည်။



၎င်းတရုတ်နံနံ ဖျော်ရည်ကို တစ်နေ့လျှင် လီတာဝက်ခန့် နေ့စဉ် ဆယ်ရက်ခန့် ဆက်တိုက်သောက် ပေးပါ။ သင် ဆီးသွားသောအခါ ကျောက်ကပ် အတွင်း စုပုံနေသော ဓါတ်ဆားများနှင့် မလိုလားအပ်သောအဆိပ်အတောက်များ ပါသွားသည်ကို သိသာထင်ရှားစွာ မြင်တွေ့ ရပါမည်။သင် ယခင်က မခံစားဘူးသော အခြေအနေကို သိသိသာသာ ခံစားရပါလိမ့်မည်။ကျောက်ကပ် ရောဂါသည် များအနေဖြင့် ၂လ တစ်ကြိမ် ၃ လ တစ်ကြိမ် ဆေးကြောပေးရန်လိုအပ် ပါသည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1697745&xgs=1&xg_source=msg_share_post

No comments:

Post a Comment