“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, November 22, 2012

စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး

စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို
အာဟာရလည်း ပြည့်ဝပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ ပေါများတဲ့ ရာသီမှာ
စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့
ညီညွှတ်အောင်စနစ်တကျ သိမ်းဆည်းနည်းတွေကို ဖော်ပြလိုက်ပါ။

- စတော်ဘယ်ရီသီးမှာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို အကျိုးပြုမယ့် ဗီတာမင်စီ
ကြွယ်ဝစွာ ပါဝင်ပါတယ်။

- ဒါ့အပြင် ဓာတ်တိုးပစ္စည်း (Free radicals) တွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့Phytonutrient တွေလည်း ပါဝင်ပါတယ်။Free radicals တွေဟာ ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။

- စတော်ဘယ်ရီသီးမှာ ဗီတာမင်ကေ၊ မန်းဂနိစ်၊ ဖောလစ်အက်စစ်၊ ပိုတက်စီယမ်၊ဗီတာမင် B2၊ B6၊ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေလည်းပါဝင်ပါတယ်။

- စတော်ဘယ်ရီသီးတွေဟာ အလွန်ပျက်စီးလွယ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကိုဝယ်ပြီးရင် ကြာကြာထားလို့ မရဘဲ ရက်အနည်းငယ်အတွင်းစားဖို့လိုပါတယ်။

- စတော်ဘယ်ရီသီးတွေကို တစ်နှစ်ပတ်လုံး မရတဲ့အတွက် ပေါ်တဲ့ရာသီချိန်မှာသာ လတ်လတ်ဆတ်ဆတ်စားလို့ရပါတယ်။ တခြားအချိန်မှာတော့ စတော်ဘယ်ရီသီးတွေကို တာရှည်ခံအောင် ပြုပြင်အေးခဲထားတာကိုသာ စားနိုင်ပြီးအာဟာရဓာတ် အားလုံးမဆုံးရှုံးရင်တောင် အများအပြား ဆုံးရှုံးသွားရပါတယ်။

- စတော်ဘယ်ရီသီး ဝယ်တဲ့အခါ ပြည့်တင်းခိုင်မာပြီး မှိုကင်းစင်တာအရောင်နီရဲနေတာကို ရွေးဝယ်ပါ။ တခြားအသီးတွေနဲ့ မတူတာက စတော်ဘယ်ရီသီးတွေခူးဆွတ်ပြီးတဲ့အခါ ဆက်ပြီးမှည့်သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် အမှည့်လွန်တာမဟုတ်ဘဲ အမှည့်ဆုံးနဲ့ အရောင်အနီဆုံးကို ရွေးဝယ်ရင် အရသာလည်းကောင်းပြီးအာဟာရပါဝင်မှုလည်း အများဆုံး ဖြစ်ပါမယ်။

- ယေဘုယျအားဖြင့် အလယ်အလတ် အရွယ်အစားရှိတဲ့ စတော်ဘယ်ရီသီးတွေဟာ
အရွယ်ကြီးတာတွေထက် ပိုချိုပြီး အရသာပိုကောင်းတတ်ပါတယ်။

-ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်တဲ့အခါ အလွန်တင်းတင်းကျပ်ကျပ်ထုပ်ပိုးထားတာကို မဝယ်ပါနဲ့။ ကျပ်ကျပ်သိပ်သိပ် ထည့်ထားရင် စတော်ဘယ်ရီသီးတွေထိခိုက်ပျက်စီးနေတတ်တာကြောင့်ပါ။

- စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ဂရုစိုက်ကိုင်တွယ်ပြီး သေချာသိမ်းဆည်းပါ။ တခြားသစ်သီးတွေလိုပဲစတော်ဘယ်ရီသီးတွေကို မစားခင် ဒါမှမဟုတ် မသိမ်းခင် သေသေချာချာ ရေဆေးသင့်ပါတယ်။ နာနေတဲ့ ဒါမှမဟုတ် မှိုတက်နေတဲ့ လက္ခဏာရှိတဲ့
စတော်ဘယ်ရီသီးတွေကို ချက်ချင်းလွှင့်ပစ်ပါ။ ချက်ချင်းမဖယ်မိရင် ဘေးနားက
တခြားစတော်ဘယ်ရီသီးတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။

- စတော်ဘယ်ရီသီးတွေကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပလတ်စတစ်နဲ့ အုပ်ကာရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ်စတော်ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာအောင်သိမ်းဆည်းထား နိုင်ပါတယ်။

Ref: Good Health
source >>> http://myanmarnewszone.com/health/5635-strawberries-and-health.html
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_6561.html

No comments:

Post a Comment