“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, October 29, 2012

သရက်စေးလောင်မှုကို ကြိုတင်ကာကွယ်ခြင်လျှင်


၁။ သရက်သီးကို ရင့်မှခူးရန်
၂။ ညနေပိုင်းမှ ခူးရန်
၃။ သရက်သီးကို လက်၊ ကပ်ကြေး၊ ဝါးခြင်းချုတံစတဲ့ ပစ္စည်းတွေနဲ့ သေသေချာချာခူးရန် လိုအပ်ပါတယ်။
လက်လှမ်းမှီတဲ့ အသီးဆိုရင် အသီးညှာ ၁၀ စင်တီမီတာ အရှည်ပါအောင် ဖြတ်ခူးပြီး သရက်သီးညှာကို ဇောက်ထိုးထားပြီး အရိပ်ကိုသယ်ပါ။ အရိပ်ထဲရောက်တဲ့အခါ ဇောက်ထိုးအနေအထားကိုင်ပြီး အညှာကို စင်တီမီတာ တစ်ဝက်လောက်ကနေဖြတ်ပြီး ကောက်ရိုးထူထူခင်းထားတဲ့ အပေါ်အသီးကို ဇောက်ထိုးထားကာ နာရီဝက်လောက် အစေးကုန်အောင် ထုတ်ပါ။
အစေးကုန်ပြီဆိုရင် သရက်သီးတွေကို ရေအေးမှာ မြန်မြန်ဆေးကြောပြီး လေသလပ်ခံ၊ အခြောက်ခံ၊ ရေဆေးတာကိုတော့ အသီးခူးပြီး ၈ နာရီအတွင်း လုပ်ရမှာဖြစ်ပါတယ်။
အစေးစွန်းသွားတဲ့အသီးကို ရွေးချယ်ထုတ်ယူပြီး ၁ ရာခိုင်နှုန်း အက်စစ်တစ်အက်စစ် ဖျော်ရည်မှာ ဆေးကာ အသီးမှဲ့ပျောက်စွန်းတွေရှိပါက မပြန့်ပွားဖို့နဲ့ ပျောက်ကင်းဖို့အတွက် ၃၅ ဒီဂရီစင်တီဂရိတ်အပူချိန်ရှိတဲ့ ရေနွေးမှာ ၁၀ မိနစ်စိမ်၊ ၅၀ ဒီဂရီစင်တီဂရိတ်ရှိတဲ့ Bandagd ဒါမှမဟုတ် Banomyl (100 PPM) ဖျော်ရည်မှာ ၁၀ မိနစ်စိမ်ရန်၊ ပြီးရင် ၂၃ စင်တီဂရိတ် အပူချိန်ရှိတဲ့ ရေမှာ ၄ မိနစ်၊ ၆ မိနစ်ခန့်ထပ်စိမ်ပြီး ချက်ချင်းလေသလပ်ခံပါ။ ဒါဆိုရင် သရက်စေးလောင်မှုကင်းပြီး အရည်အသွေးကောင်း၊ အရောင်အသွေးစို၊ ရောင်းပန်းလှ၊ ဈေးကောင်းရတဲ့ သရက်သီးရရှိမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498483&xgs=1&xg_source=msg_share_post

No comments:

Post a Comment