“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, October 29, 2012

နှလုံးရောဂါကို နာနိုပါတီကယ်များ ထည့်သွင်းခြင်းဖြင့် ကုသနိုင်


ဟားဗတ်ဆေးကျောင်းနှင့် ဆေးပညာဌာနမှ သုတေသနပညာရှင်များသည် နှလုံးရောဂါကို ကုသရာတွင် သွေးလွှတ်ကြော နံရံများကို သွားရောက်ကုပ်တွယ်နိုင်သည့် ပစ်မှတ်အတိအကျသို့ ရောက်နိုင်သော နာနိုပါတီကယ်များကို တည်ဆောက်နိုင် ခဲ့ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းက လက်ရှိအသုံးပြုနေသော နှလုံးရောဂါ ဆေးဝါးများကို အစားထိုးလာနိုင်တော့မည်ဖြစ်သည်ဟု ဆိုသည်။
Nanoburrs ဟု အမည်ပေးထားသော အဆိုပါ ပါတီကယ်များ၌ အလွန်သေးငယ်သော ပရိုတင်းအပိုင်းအစများက အပေါ်ယံလွှာအဖြစ် လွှမ်းခြုံထားရာ ၎င်းတို့ ပစ်မှတ်ထားရာ ပရိုတင်းဆီသို့ သွားရောက်တွယ်ကပ်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ယင်းနှင့် အတူပါသွာေးသာ ဆေးကို အလိုရှိရာနေရာအတိအကျ၌ ရက်ပေါင်းများစွာ ထုတ်ပေးနေနိုင်သည်ဟု ဆိုသည်။ ယင်းတို့သည် ပျက်စီးသွားသော သွေးကြောဆိုင်ရာ တစ်သျှူးများပေါ်သို့ အတိအကျရောက်နိုင်သော ကမ္ဘာ့ပထမဆုံး ပါတီကယ်များဖြစ်သည် ဟုဆိုသည်။
အဆိုပါ နာနိုပါတီကယ်များသည် သွေးလွှတ်ကြောနံရံများကို ဝန်းရံထားသောအလွှာများအနက် ပျက်စီးနေသော အလွှာများဆီသို့သာ အတိအကျသွားရောက် တွယ်ကပ်ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ပါတီကယ်များကို နှလုံးသွေးကြောဆိုင်ရာ အခြားသောရောင်ရမ်းနာရောဂါများအထိ ပစ်မှတ်အတိအကျသို့ ဆေးဝါးကို ပို့ဆောင်ရန် အသုံးပြုနိုင်သည်ဟု ဆိုသည်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498482&xgs=1&xg_source=msg_share_post

No comments:

Post a Comment