“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, July 26, 2012

မိမိ blogspot ဆိုဒ်မှာ သူများတွေကို ၀င်ရေးလို့ရအောင်လုပ်မယ်..

ဘလော့ဂါက မိမိသူငယ်ချင်းတစ်ယောက်ကို မိမိဘလော့မှာ ၀င်ရေးခွင့်ပေးမယ်ဆိုရင်ပေါ့.. ဘလော့ပိုင်ရှင် လုပ်ရမယ့်အပိုင်းနဲ့ ၀င်ရေးမယ့်သူ လုပ်ရမယ့် အပိုင်း (၂)ပိုင်းဆိုပီး ရှိမှာဖြစ်ပါတယ်...
အရင်ဆုံး  
ဘလော့ပိုင်ရှင် ကမိမိဘလော့ရဲ့ dashboard ထဲကို ၀င်လိုက်ပါ.(ပုံ-၁)မှာ ပြထားတဲ့ ပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်...

(ပုံ-၁)

အဲ့ဒီမှာ ကျွန်တော်ဝိုင်းပြထားတဲ့ Add authors ကို နှိပ်လိုက်ပါ...(ပုံ-၂)မှာ ပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်...
(ပုံ-၂)

အဲ့ဒီမှာ မိမိဘလော့မှာ ၀င်ရေးမယ့်သူရဲ့ gmail account ကို ပုံမှာ ပြထားတဲ့အတိုင်းရိုက်ထည့်ပီး ကျွန်တော်ဝိုင်းပြထားတဲ့ Invite authors ကို နှိပ်လိုက်ပါ..ပီးရင်တော့ (ပုံ-၃)မှာ ပြထားတဲ့အတိုင်း View blog ကို သွားလိုက်ပါ..ဒါဆိုရင်တော့ ဘလော့ပိုင်ရှင် လုပ်ရမယ့်အပိုင်းက ဒီမှာ ပြီးပြီလို့ ဆိုနိုင်ပါတယ်..ကျန်တာကတော့ မိမိဘလော့မှာ ၀င်ရေးမယ့်သူရဲ့ လုပ်ရမယ့် အပိုင်းပါ..

(ပုံ-၃)

ဝင်ရေးမယ့်သူက
ပထမဆုံး မိမိရဲ့ gmail ကို ဖွင့်ရမှာဖြစ်ပါတယ်..မိမိ gmail ကိုဖွင့်လိုက်တဲ့အချိန်မှာ အောက် (ပုံ-၄) မှာပြထားတဲ့အတိုင်း မိမိကို Add လိုက်တဲ့ ဆိုဒ်အမည်နဲ့ mail ကို တွေ့ရမှာဖြစ်ပါတယ်...
 
(ပုံ-၄)
ဒါဆိုအဲ့ mail ကို ဖွင့်လိုက်ပါ..အောက် (ပုံ-၅) မှာ ပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်.
(ပုံ-၅)

ပုံမှာပြထားတဲ့အတိုင်း Link နှစ်ခုကို မြင်ရမှာဖြစ်ပါတယ်..အဲ့နှစ်ခုထဲက အပေါ်က link ကို ထောက်လိုက်ပါ..လွယ်လွယ်ပြောရရင်တော့ဗျာ...ဂဏန်းတွေအများဆုံးပါတယ်လင့်ပေါ့....အဲ့ဒါကို Click လုပ်လိုက်ရင် အောက် (ပုံ-၆)မှာပြထားတဲ့အတိုင်း နောက် Tab တစ်ခုပွင့်လာတာကို မြင်ရမှာ ဖြစ်ပါတယ်..
 
(ပုံ-၆) 

အဲ့မှာတော့ ဒီဆိုဒ်ကို ဒီ account နဲ့ဘဲဝင်မှာလားလို့မေးတဲ့သဘောပါ..ဒီ account နဲ့ဘဲဝင်မယ်ဆိုရင်တော့ ကျွန်တော်ဝိုင်းပြထားတဲ့ here ဆိုတာကို Click လိုက်ပါ..အောက် (ပုံ-၇)မှာပြထားတဲ့အတိုင်း ပွင့်လာမှာ ဖြစ်ပါတယ်..

(ပုံ-၇)

ဒါဆိုရင်တော့ သင့်ကို add လိုက်တဲ့ သင့်သူငယ်ချင်းရဲ့ blogspot ဆိုဒ်မှာ သင် ပိုစ့်တွေရေးသားနိုင်ပြီဖြစ်ပါတယ်...

အဲ့မှာတော့ ပိုစ့်တွေရေးသားချင်တယ်ဆိုရင် ခဲတံပုံလေး ကို နှိပ်ပါ..စာရေးသားနည်းတွေကို အောက်မှာ ထပ်ပီးရှင်းပြထားပါတယ်..

ဒါမှမဟုတ် အခုမရေးချင်သေးဘူးဆိုရင်တော့ view blog ကို နှိပ်ပါ...အဲ့မှာတော့ Blog Profile မှာ သင့် gmail account မှာပေးထားတဲ့ နာမည်ကို တွေ့ရမှာဖြစ်ပါတယ်..ဥပမာ ကျွန်တော့်စောစောက add လိုက်တဲ့ gmail accout နဲ့ပြန်ပြရရင် moelwinaung.781@gmail.com ကိုအပ်ခဲ့တာ..(ပုံ-၈)မှာပြထားတဲ့ moe aung ဆိုပီးပေါ်လာတာပါဘဲ...
(ပုံ-၈)

ဒါမှမဟုတ် ဒီ blog ကနေ ခဏထွက်မယ်ဆိုရင်တော့ ကျွန်တော် လေးဒေါင့်လေးနဲ့ပြထားတဲ့ ဓါတ်ပုံဘေးက down arrow လေးကို နှိပ်ပီး sign out နဲ့ထွက်နိုင်ပါတယ်..

သင် sign out နဲ့ထွက်ပီး ဒီဘလော့ကို ပြန်ဝင်ချင်တယ် / ပိုစ့်ပြန်တင်ချင်ရင် ဒါမှမဟုတ် သင်နောက်နေ့တွေမှာ ဘလော့ကိုဝင်ပီး ပိုစ့်တင်ချင်တယ်ဆိုရင်တော့ www.blogger.com ဆိုပီး (ပုံ-၉)မှာပြထားတဲ့အတိုင်း တွေ့ရမှာဖြစ်ပါတယ်..

(ပုံ-၉)

အဲ့မှာတော့ မိမိရဲ့ gmail account နဲ့ Password ကို ထည့်ပီး sign in လုပ်လိုက်ပါ..
အောက်ပုံ (ပုံ-၁၀) မှာပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်..
(ပုံ-၁၀)

ဒါဆိုရင်တော့ သင် ဒီ blog ထဲကို ပြန်ရောက်ပါပီ..(ပုံ-၇)မှာ ရှင်းပြခဲ့တဲ့နေရာကိုပေါ့ဗျာ...
အဲ့မှာ ပိုစ့်တစ်ပုဒ်တင်တော့မယ်ဆိုရင်တော့ ခဲတံပုံလေးကို နှိပ်လိုက်ပါ...အောက်ပုံ (ပုံ-၁၁)မှာပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်..
(ပုံ-၁၁)

အဲ့မှာတော့ ကျွန်တော်တို့ ပို့စ်တင်တဲ့ထုံးစံအတိုင်း ခေါင်းစဉ်ထည့် ရေးချင်တဲ့အကြောင်းအရာတွေထည့်ပီး ဘေးက ၀ိုင်းပြထားတဲ့ Labels ကို နှိပ်ပီး ကဏ္ဍရွေးချယ်လိုက်ပါ..ပီးရင်တော့ Publish ကို နှိပ်ပီး အတည်ပြုလိုက်ပါ..ဒါဆိုရင် ပိုစ့်တစ်ပုဒ်တင်လို့ပြီးဆုံးသွားပါပီ..အောက်(ပုံ-၁၂)မှာပြထားတဲ့အတိုင်း ပေါ်လာမှာဖြစ်ပါတယ်..
(ပုံ-၁၂)

ဒါဆိုရင် View blog ကို နှိပ်လိုက်ပါ..သင်တင်ထားတဲ့ပိုစ့်ကို Blog စာမျက်နှာမှာ သင်မြင်ရပါလိမ့်မယ်..
သင်နောက်ထပ်ပို့စ်တင်ချင်ရင်တော့ Back  ပြန်သွားပီး ခဲတံပုံ ထပ်နှိပ်တင်နိုင်ပါတယ်..
သင် ဒီဘလော့ကနေပြန်ထွက်တော့မယ်ဆိုရင်တော့ (ပုံ-၁၃)မှာပြထားတဲ့အတိုင်း sign out ကို နှိပ်ပီးထွက်သွားနိုင်ပါတယ်...
(ပုံ-၁၃)

blogspot ပိုင်ရှင်အနေရင် ကိုယ့်ဘလော့မှာ Add လိုက်တဲ့သူကို ကိုယ်ဘလော့ရဲ့ ထားသိုမှုစနစ်တွေကို HTML တွေကို ပြင်ဆင်ခွင့်ပြုမယ်ဆိုရင်တော့ (ပုံ-၁၄)မှာပြထားတဲ့အတိုင်း Blog Settings --- Basic ထဲက သူ့ account ဘေးက down arrow လေးကို နှိပ်ပီး Admin ကို ရွေးပေးလိုက်ပါ..
 
(ပုံ-၁၄)

ဒါဆိုရင်သူက blog ပိုင်ရှင်နည်းတူ အားလုံးလုပ်ပိုင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်..Author ဘဲထားမယ်ဆိုရင်တော့ သူက ပိုစ့်တင်ရုံသက်သက်ဘဲ လုပ်ပိုင်ခွင့်ရရှိမှာဖြစ်ပါတယ်..တကယ်လို့ သူ့ကို လုပ်ပိုင်ခွင့်တွေအားလုံး ရုပ်သိမ်းမယ်ဆိုရင်တော့ သူ account ဘေးက ကြက်ခြေခတ်ကိုနှိပ်ပီး ဖြတ်ထုတ်လိုက်ရုံပါဘဲ....
အားလုံးအဆင်ပြေနိုင်ကြပါစေ..
ဒီပိုစ့်နဲ့ပတ်သက်ပီး မရှင်းလင်းသောအချက်များရှိပါက အောင်ကျော်မြင့်(akmyint.kooo@gmail.com)ကို မေးမြန်းနိုင်ပါတယ်ဗျ..
http://myooyinlay.blogspot.com/

No comments:

Post a Comment